Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

KNU တပ်မဟာ(၅)နယ်မြေ လဝက်အတွင်း တိုက်ပွဲများတွင် စစ်ကောင်စီတပ် ဒုဗိုလ်အပါအဝင် ၃၀ကျော် သေ

အဆိုပါတိုက်ပွဲများ၌ စစ်ကောင်စီတပ်မှ ဒုဗိုလ် တစ်ဦးနှင့် ဒုအရာခံဗိုလ် တစ်ဦးအပါအဝင် ၃၁ဦးသေဆုံးပြီး ၂၁ဦး ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားသည်။

(KNUမှ တပ်သားများအား တွေ့ရစဉ်။ဓာတ်ပုံ - KNU)
(KNUမှ တပ်သားများအား တွေ့ရစဉ်။ဓာတ်ပုံ - KNU)

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင်၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၅) နယ်မြေတွင် မတ်လ ၁ရက်မှ ၁၅ရက်အတွင်း စစ်ကောင်စီတပ်နှင့် တိုက်ပွဲပေါင်း ၇၂ ကြိမ်ဖြစ်ပွားခဲ့ကြောင်း တပ်မဟာ (၅)က သတင်းထုတ်ပြန်သည်။

အဆိုပါတိုက်ပွဲများ၌ စစ်ကောင်စီတပ်မှ ဒုဗိုလ် တစ်ဦးနှင့် ဒုအရာခံဗိုလ် တစ်ဦးအပါအဝင် ၃၁ဦးသေဆုံးပြီး ၂၁ဦး ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားသည်။

ယင်းတိုက်ပွဲများအတွင်း တပ်မဟာ(၅)ဘက်က တပ်သား တစ်ဦး ဒဏ်ရာရခဲ့သည်ဟု အသိပေးထားသည်။

စစ်ကောင်စီတပ်မှ ယာဉ်၃စီးနှင့် မော်တော်ဆိုင်ကယ် တစ်စီးကို ဖျက်ဆီးနိုင်ခဲ့ကြောင်းလည်း ထုတ်ပြန်သည်။

စစ်ကောင်စီတပ်များက ဒေသခံ ပြည်သူများ နေထိုင်ရာရွာနှင့် လုပ်ငန်းခွင်များသို့ လက်နက်ကြီးများ ပစ်ခတ်၍ ပြည်သူ လေးဦး ဒဏ်ရာရရှိခဲ့ကြောင်းလည်း ဖော်ပြထားသည်။

တပ်မဟာ(၅)နယ်မြေတွင် စစ်ကောင်စီတပ်စွဲရာနေရာများ၊ စစ်ကြောင်းများကို KNLA ဘက်က ကြားဖြတ်တိုက်ခိုက်မှု၊ ခြုံခိုတိုက်ခိုက်မှုများဆက်တိုက်လုပ်ဆောင်လျက်ရှိရာ တိုက်ပွဲများနေ့စဉ်ဖြစ်ပွားနေသည်။

Facebook

You May Also Like

သတင်း

"စဥ့်ကူးမြို့နယ်အတွင်းက စစ်သားနဲ့ရဲတွေပါ။ ၄၀ လောက်ပါတယ်။ ရွှေလုပ်ကွက်ကိုလာကြည့်တဲ့သူတွေပါ။ သူတို့ပစ်လိုက်လို့ PDF တစ်ဦး ကျည်ထိတယ်ဆိုပြီး ပြည်သူတွေကို ပေါင်ပြခိုင်းပြီး စစ်ဆေးသွားသေးတယ်။"ဟု ဗိုလ်ဇီးရိုးဝမ်းက ပြောသည်။

သတင်း

မတ်လ ၁၀ရက်က ကျင်းပခဲ့သည့် အပတ်စဉ် (၅၀) အခြေခံစစ်သင်တန်းဆင်းပွဲအခမ်းအနား၌ CNA စစ်ဦးစီးချုပ်က ပြောကြားခဲ့သည့် မိန့်ခွန်းရုပ်သံကို Chinland Information Centerက ယနေ့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

သတင်း

စစ်ကောင်စီတပ်သည် ပြည်သူ့စစ်မဟာဗျူဟာဟု မကြာခဏပြောဆိုကာ လုပ်ဆောင်ခြင်းဖြစ်သော်လည်း ပြည်သူလူထုက ပူးပေါင်းဆောင်ရွက်ခြင်းမရှိသလို ထောက်ခံမှုလည်း မရှိကြောင်း ဒေသခံအချို့က ပြောသည်။

သတင်း

ဒူးသထူခရိုင် တပ်မဟာ(၁)၊ ခလယ်လွီထူခရိုင် တပ်မဟာ(၃)နှင့် မူတြော်ခရိုင် တပ်မဟာ(၅)တွင် ဖေဖေါ်ဝါရီလနှင့် မတ်လအတွင်း အရပ်သားပြည်သူ (၅)ဦး ထက်မနည်း သေဆုံးခဲ့ပြီး (၁၁)ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကရင်လူ့အခွင့်အရေးအဖွဲ့ ပြောခွင့်ရသူ စောနန္ဒဆူးက ဆိုသည်။