ရှမ်း-ကရင်နီ(ကယား) နယ်စပ်ပင်းလောင်းမြို့ နယ်တိုက်ပွဲ စစ်ကောင်စီဘက်မှ ၂၀ ဦးထက်မနည်းထပ်မံသေဆုံးကြောင်း ကရင်နီတော်လှန်ရေး တပ်ပေါင်းစု (KRU) က ယနေ့ ထုတ်ပြန်သည်။
ပင်လောင်းမြို့နယ်၊နမ့်နိန်းကျေးရွာ အနောက်ဘက်ရှိ တောင်ကုန်း ဒေသတစ်ကျောအား စစ်ကောင်စီကစစ်ကြောင်းအများအပြားဖြင့် ထိုးစစ်ဆင်လာသဖြင့် ဒေသခံကရင်နီတော်လှန်ရေးအင်အားစုများကခုခံတိုက်ခိုက်နေရာ ယနေ့(မတ်လ ၁၆ ရက်) နံနက် ၇နာရီ မှ နေလည်ပိုင်းထိ တိုက်ပွဲပြင်းထန်ခဲ့သည်ဟုသိရသည်။
KRU နှင့် KNDF BO(11)၊ PNDF(KK)၊အလယ်ပိုင်းတိုင်း တပ်ရင်း(804)၊ တပ်ရင်း(805)၊ တပ်ရင်း (1102)၊စစ်တောင်းပျောက်ကျားအဖွဲ့တို့ ကပူးပေါင်း၍ စစ်တပ်ကိုခုခံတိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။
တိုက်ပွဲတွင်စစ်ကောင်စီ ဘက်မှ (၂၀)ကျော်သေဆုံးခဲ့ပြီး တပ်ပေါင်းစု အဖွဲ့များ မှ KRU (၂)ဦး ၊ တပ်ရင်း(804) တစ်ဦး၊တပ်ရင်း(805)တစ်ဦး၊စစ်တောင်းပြောက်ကျားတစ်ဦးစုစုပေါင်း ၅ဦးမစိုးရိမ်ဒဏ်ရာများရရှိခဲ့သည်။

အဆိုပါတိုက်ပွဲနှင့်ပတ်သပ်၍KRU မှတာဝန်ရှိသူကို People’s Spring ကဆက်သွယ်မေးမြန်းရန်ကြိုးစားသော်လည်းဆက်သွယ်မရသေးပါ။
စစ်တပ်သေဆုံးမှုအခြေအနေကို People’s Spring ကသီးခြားအတည်မပြုနိုင်သေးပါ။
စစ်ကောင်စီတပ်က အရပ်သားပြည်သူများအားဖမ်းဆီးခေါပြီး စစ်သုံ့ပန်းသဖွယ် ပြုမူနေခြင်း၊ဖမ်းဆီးသတ်ဖြတ်ခြင်းပြုလုပ်နေသောကြောင့် စစ်မျက်နှာ နှင့် ဝေးသော နေရာဒေသ များ အား ပြောင်းရွှေ့နေ ထိုင်ပေးကြရန်လည်းဒေသခံပြည်သူများကို KRU က တိုက်တွန်းသည်။
ကရင်နီ(ကယား)ပြည်နယ် အတွင်းသို့ ပင်လောင်းမြို့နယ်၊ ရှားတောမြို့နယ်၊ ဒီးမော့ဆိုမြို့နယ် နှင့် ဘောလခဲမြို့နယ်အသီးသီးတို့မှ စစ်ကောင်စီတပ်က စစ်မျက်နှာ (၄) ခုဖွင့်ကာ စစ်ကြောင်း၁၂ ကြောင်းဖြင့် အင်အား ထောင်ချီအသုံးပြု၍ထိုးစစ်ဆင်တိုက်ခိုက်နေသည်။ကရင်နီတပ်ပေါင်းစုကလည်း စနစ်တကျခုခံတိုက်ခိုက်နေသဖြင့် စစ်တပ်အထိ့နာနေသည်။
စစ်တပ်ကအထိနာ၍ လေကြောင်းတိုက်ခိုက်မှုကို အကြိမ်ရေများစွာပြုလုပ်နေသည်။မတ် ၁၆ ရက်က ဒီးမော့ဆို ရှေတန်းတစ်နေရာတွင် စစ်တပ်၏ ရဟတ်ယာဥ်ကိုတော်လှန်ရေးအဖွဲ့က တိုက်ခိုက်၍ ရဟတ်ယာဥ်မဆင်းနိုင်ဘဲ ပြန်ပြေးသွားခဲ့ရသည်။
“ နေ့စဥ်နဲ့အမျှ စစ်ရေး ဆိုတာ ပြောင်းလဲနေရတယ်။အခု ခုခံစစ် ဆို တခါတလေ ထိုးစစ်ဆင်တယ်။ဒီကနေ့(မတ်လ ၁၆ ရက်)အထိက ရလဒ်ကောင်းတွေရနေတယ်။ရထားတယ်” ဟုကရင်နီအမျိုးသားများကာကွယ်ရေးတပ်မတော်(KNDF)၏တာဝန်ရှိသူက People’s Spring နှင့်အင်တာဗျူးတွင်ပြောသည်။
စစ်တပ်က အင်အားအများအပြားဖြင့်ထိုးစစ်ဆင်နေသော်လည်းကရင်နီတော်လှန်ရေးအင်အားစုများကကောင်းစွာပြင်ဆင် ခုခံတိုက်ခိုက်နေပြီ ရလဒ်ကောင်းများရရှိနေခြင်းမှာ ပြဘ်တွင်းပြည်ပမှ ပြည်သူများ၏ ကူညီထောက်ပံ့မှုများကြောင့်ဖြစ်ပြီး ဆက်လက်ကူညီပေးကြရန် လည်းအထက်ပါတာဝန်ရှိသူက မေတ္တာရပ်ခံသည်။
