Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပအိုဝ်းအမျိုးသားနေ့သို့ NUCCနှင့် NUG သဝဏ်လွှာပို့၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး လက်တွဲတိုက်ပွဲဝင်မည်ဟု ဖော်ပြ

၁၉၄၉ မှစ၍ တပေါင်းလပြည့်နေ့တွင် ပအိုဝ်းလူမျိုးများ ကျင်းပလေ့ရှိသည့် ကောက်သစ်ပူဇော်ပွဲနေ့ကို ပအိုဝ်းအမျိုးသားနေ့အဖြစ် ပြောင်းလဲကျင်းပရန် ဆုံးဖြတ်ခဲ့ပြီး နှစ်စဉ်ကျင်းပခဲ့ရာ ယနေ့ မတ်လ ၅ ရက် (တပေါင်းလပြည့်နေ့)သည် (၇၄)နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ဖြစ်သည်။

(ပအိုဝ်းအမျိုးသားနေ့ အခမ်းအနား၌ တွေ့ရသည့်ပအိုးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ)
(ပအိုဝ်းအမျိုးသားနေ့ အခမ်းအနား၌ တွေ့ရသည့်ပအိုးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ)

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)တို့က ယနေ့ ကျရောက်သည့် ပအိုဝ်းအမျိုးသားနေ့သို့ သဝဏ်လွှာပေးပို့ခဲ့သည်။

၁၉၄၉ မှစ၍ တပေါင်းလပြည့်နေ့တွင် ပအိုဝ်းလူမျိုးများ ကျင်းပလေ့ရှိသည့် ကောက်သစ်ပူဇော်ပွဲနေ့ကို ပအိုဝ်းအမျိုးသားနေ့အဖြစ် ပြောင်းလဲကျင်းပရန် ဆုံးဖြတ်ခဲ့ပြီး နှစ်စဉ်ကျင်းပခဲ့ရာ ယနေ့ မတ်လ ၅ ရက် (တပေါင်းလပြည့်နေ့)သည် (၇၄)နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ဖြစ်သည်။

NUGက ပေးပို့သည့် သဝဏ်လွှာတွင် ယနေ့အချိန်အခါ၌ စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်ဟူသမျှကို ပြတ်ပြတ် သားသား ဆန့်ကျင်တိုက်ဖျက်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကိုတည်ဆောက်လိုသည့် ပအိုဝ်းအင်အား စုများအနေဖြင့် ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNFC)၏ ဦးဆောင်မှုတွင် အတူတကွစုစည်းပြီး၊ လက်တွေ့ ကျသည့် နိုင်ငံရေးအခင်းအကျင်းထဲသို့ ဝင်ရောက်ဆင်နွှဲ နေကြသည်ကို တွေ့ရှိရ၍ များစွာဝမ်းမြောက်ဂုဏ်ယူမိကြောင်း ဖော်ပြထားသည်။

စစ်အာဏာရှင်စနစ်အောက်တွင် ကျရောက်နေသော ပအိုဝ်းအမျိုးသားနေ့တွင် ပအိုဝ်းအမျိုး သားများအားလုံး စည်းလုံးညီညွတ်ပြီး ပအိုဝ်းအမျိုးသားများ လွတ်မြောက်ရေးနှင့် ဖက်ဒရယ်ဒီမိုက ရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် ဆထက်တိုး ကြိုးပမ်းဆောင်ရွက်နိုင်ကြပါစေဟုလည်း သဝဏ်လွှာပေးပို့ခဲ့သည်။

Public Service Announcement
Public Service Announcement

လက်ရှိတည်ဆောက်ရန် လိုအပ်သော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု သည် စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်မှန်သမျှ မချုပ်ငြိမ်းသရွေ့ ထူထောင်နိုင်မည် မဟုတ်ကြောင်း NUCCက ပေးပို့သည့် သဝဏ်လွှာ၌ ဖော်ပြသည်။ထို့ပြင် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအစစ်အမှန်သည်လည်းရရှိနိုင်မည် မဟုတ်ကြောင်း နှစ်(၇၀)ကျော်ကြာ နိုင်ငံရေးပြဿနာများက မီးမောင်းထိုးပြလျက် ရှိသည်ဟု ဆိုသည်။

ထို့ကြောင့် လက်ရှိအချိန်တွင် ပြည်သူလူထုတရပ်လုံး လက်တွဲလျက် စစ်အာဏာရှင်စနစ် အပါအဝင် အာဏာရှင်စနစ်မှန်သမျှ အဆုံးသတ်စေရန် နည်းလမ်းမျိုးစုံဖြင့် တော်လှန်တိုက်ပွဲဝင်နေ ကြခြင်းဖြစ်သည်ဟု ဆိုသည်။

ယင်းသို့ တိုက်ပွဲဝင်ရာ၌ ပအိုဝ်းအမျိုးသားတို့သည်လည်း ကျရာ နေရာမှ ပါဝင်လျက် ရွပ်ရွပ်ချွန်ချွန် တိုက်ပွဲဝင်နေကြသည်မှာလည်း မျက်မှောက်ခေတ်သမိုင်းတွင် အထင်အရှားပင် ဖြစ်ကြောင်း ဖော်ပြသည်။

ပအိုဝ်းတိုင်းရင်းသား တို့အပါအဝင် ပြည်သူတရပ်လုံး၏ ဘုံရည်မှန်းချက်ဖြစ်သော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်ရေး အခြေခံအုတ်မြစ်ဖြစ်သည့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် တန်းတူညီမျှရေးအတွက် NUCC အနေဖြင့် ပအိုဝ်းတိုင်းရင်းသားများနှင့်အတူ တွဲလက် မြဲမြံစွာ တော်လှန်တိုက်ပွဲဝင်သွားမည်ဟု ကတိသစ္စာပြုကြောင်း NUCCက သဝဏ်လွှာပေးပို့ခဲ့သည်။

You May Also Like

သတင်း

မတ်လ ၅ရက်တွင် ကျရောက်မည့် ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားသို့ PAFမှ ပေးပို့သည့် သဝဏ်လွှာတွင် ထိုသို့ ဖော်ပြထားခြင်းဖြစ်သည်။

သတင်း

အကြမ်းဖက်စစ်အုပ်စုအနေဖြင့် တော်လှန်ရေးအင်အားစုများ ညီညီညွတ်ညွတ်ဖြစ်သွားမည်ကို အကြောက်ဆုံးဖြစ်သည်ဟု ဦးနေဘုန်းလတ်က ပြောသည်။

သတင်း

နေပြည်တော်ရှိ အမျိုးသားလွှတ်တော် ဒုဥက္ကဋ္ဌဟောင်း ဦးမြငြိမ်း၏နေအိမ်အပါအဝင် စစ်ရေးပစ်မှတ်လေးခုကို NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန MOD ၏ မြို့ပြအထူးစစ်ဆင်ရေးဌာနမှ UG အဖွဲ့က ​လေးရက်အတွင်းတိုက်ခိုက်ခဲ့ကြောင်း နေပြည်တော်စစ်ဒေသခွဲမှ တာဝန်ရှိသူတစ်ဦးက People’s Spring သတင်းဌာနသို့ ပြောသည်။ အဆိုပါ ဖောက်ခွဲတိုက်ခိုက်မှုများကို ဖေဖော်ဝါရီ ၂၇...

သတင်း

မတ်လ ၁ရက်တွင် ဝန်ကြီးဦးရည်မွန်က PDF ရဲဘော်များသို့ ပြောကြားသည့် ရေဒီယို NUG အသံလွှင့် အစီအစဉ်၌ ထိုသို့ ပြောကြားလိုက်ခြင်းဖြစ်သည်။