လိုင်းလင်းပီမြို့မှမတူပီမြို့နယ်၊ ထေဘွေ့စခန်းကို အင်အားဖြည့်တင်းလာသည့် စစ်ကောင်စီကို ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၅ဦးသေဆုံးပြီး ၁၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း CDF(ပလက်ဝ) မှတာဝန်ရှိသူတစ်ဦးက ပြောသည်။
စစ်ကောင်စီစစ်ကြောင်းကို ပလက်ဝမြို့နယ်၊ ကိန်းကန်းကုန်းကျေးရွာနှင့် စခီဟာကျေးရွာကြားရှိ ဗာမီချောင်းလမ်းခုလတ်တွင် ယနေ့နေ့လယ်တွင်ချင်းဒေသကာကွယ်ရေးတပ်-CDFက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ထိုတိုက်ခိုက်မှုကို မတ် ၈ ရက် နေ့လယ် ၁နာရီမှ ၃ နာရီခွဲအထိ စုစုပေါင်း တစ်နာရီခွဲကြာမြင့်ပြီး စစ်ကောင်စီတပ်က ၅ ဦးသေဆုံးကာ ၁၁ ဦးဒဏ်ရာရရှိခဲ့သည်။ CDFဘက်မှ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်CDF ပလက်ဝကထုတ်ပြန်ထားသည်။
“ ထေးဘွေ့စခန်းကိုအင်အားဖြည့်တာခုနဲ့ဆို (၂)ကြိမ်ရှိပါပြီ။အင်အားဖြည့်တိုင်းလည်း ကြားဖြတ်တာတွေအမြဲ လုပ်ပါတယ်။ခုဟာက ဒုတိယ အကြိမ် အင်အားဖြည့်တာပါ။” ဟု CDF ပလက်ဝတာဝန်ရှိသူတစ်ဦးကPeople’s Spring သတင်းဌာနသို့ပြောသည်။
ယနေ့အင်အားဖြည့်တင်းမှုသည် စစ်ကောင်စီတပ်သား၁၀၀ကျော်ပါကြောင်းသိရသည်။အဆိုပါစခန်းသည်မတူပီမြို့နယ်အတွင်းရှိစခန်းဖြစ်သည်ဟုလည်းသိရသည်။
“ သူတို့ စခန်းနဲ့ ကျနော်တို့ စခန်းကလည်း ၃ မိုင်လောက်ပဲ ဝေးတာဆိုတော ကိုယ့်ဘက်က အဆင်သင့်အနေထားတော အမြဲ လုပ်ရပါတယ်။” ဟု အထက်ပါတာဝန်ရှိသူကဆက်ပြောသည်။
