မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်၊ ညောင်လှဆိပ်ကမ်းမှာ ဧရာဝတီမြစ်ထဲ ရေဆင်းချိုးရင်း ရေနစ်ပျောက်ဆုံးနေတဲ့ကလေး ၄ ဦးကို သေဆုံးလျှက် ပြန်တွေ့ရတယ်လို့သိရပါတယ်။
မတ်လ ၆ ရက် ညနေပိုင်းက ဧရာဝတီမြစ်ထဲကို ကလေး ၉ ဦး ရေဆင်းချိုးရာကနေ ရေနစ်ကြတာပါ။
ဖြစ်ဖြစ်ချင်း ၅ ဦးကို ကယ်ဆယ်လိုက်နိုင်ပေမယ့် ၄ ဦးကတော့ ပျောက်ဆုံးခဲ့တာလို့သိရပါတယ်။
မနေ့မနက်ပိုင်းမှာ ၅ နှစ်အရွယ် ကလေး ကို သေဆုံးလျှက်တွေ့ပြီး ကျန် ၃ ဦးရဲ့ ရုပ်အလောင်းတွေကို ဆက်တွေ့ ခဲ့တာပါ။
“ ကလေးတွေကို ကနေ့သင်္ဂြိုဟ်မယ်လို့သိရတယ်ဗျ” လို့ ကူညီကယ်ဆယ်ရေးမှာပါဝင်သူတစ်ဦးကပြောပါတယ်။
သေဆုံးသွားတဲ့ ကလေးတွေ ဟာ အသက် ၁၆နှစ်နဲ့ ၁၃နှစ်အရွယ် မိန်းကလေး၂ ဦး၊၅နှစ်နဲ့ ၆နှစ်အရွယ်ယောကျာ်းလေးနှစ်ဦးတို့ဖြစ်ပါတယ်။
ကလေးတွေ ရေနစ်တဲ့ ဆိပ်ကမ်းဟာ ရေအနက် ဝါးနှစ်ပြန်ခန့်နက်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
