Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ယင်းမာပင်နယ် မြောက်နုံးရွာတွင် စစ်ကောင်စီတပ်က ဒေသခံပြည်သူနှစ်ဦးအား သတ်ဖြတ်

စစ်ကောင်စီတပ်သည် ဖေဖော်ဝါရီ ၂၂ရက်မှစ၍ ယနေ့အထိ ယင်းမာပင်မြို့နယ်အတွင်း စစ်ကြောင်းထိုးလှည့်လည်ကာ မီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူ များအား သတ်ဖြတ်ခြင်းများ ပြုလုပ်နေပြီး မီးဘေးသင့်နှင့် စစ်ရှောင်ပြည်သူများ အကူအညီအများအပြားလိုအပ်နေကြောင်း သိရသည်။

(မီးရှို့ဖျက်ဆီးခံရသော မြောက်နုံးကျေးရွာအား တွေ့ရစဥ်။ ဓာတ်ပုံ-ယင်းမာပင်မြို့နယ်သတင်းမှန်ပြန်ကြားရေး)
(မီးရှို့ဖျက်ဆီးခံရသော မြောက်နုံးကျေးရွာအား တွေ့ရစဥ်။ ဓာတ်ပုံ-ယင်းမာပင်မြို့နယ်သတင်းမှန်ပြန်ကြားရေး)

▪️နေအိမ် ၁၅၀ခန့် မီးရှို့ဖျက်ဆီးခံရပြီး အမျိုးသမီးတစ်ဦးအား အဓမ္မပြုကျင့်သွားဟုဆို

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ မြောက်နုံးကျေးရွာတွင် စစ်ကောင်စီတပ်က ဒေသခံပြည်သူနှစ်ဦးအားသတ်ဖြတ်ကာ အမျိုးသမီးတစ်ဦးအား အဓမ္မပြုကျင့်မှုပြုလုပ်ခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ထို့အပြင် နေအိမ် ၁၅၀ခန့်ကိုလည်း မီးရှို့ဖျက်ဆီးသွားကြောင်း ၎င်းတို့က ပြောသည်။

မတ်လ ၃ရက် မွန်းလွဲ ၁နာရီခန့်က မြောက်နုံးကျေးရွာကို စစ်အုပ်စုက သေနတ်ပစ်ဖောက် ဝင်ရောက်ခဲ့ပြီး ညအိပ်နေထိုင်တပ်စွဲခဲ့ကာ မြောက်နုံးကျေးရွာရှိ နေအိမ် ၁၅၀ခန့်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထို့နောက် စိတ်ကျန်းမာရေးမကောင်းသည့် အသက်(၅၀)အရွယ်ခန့် ဦးဖိုးနီဆိုအားသတ်ဖြတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ထို့နောက် မီးရှို့ခံထားရသည့် ရုပ်အလောင်း တစ်လောင်းလည်း ထပ်မံတွေ့ရှိခဲ့ရကြောင်း၊ ထို့အပြင် မြောက်နုံးကျေးရွာရှိ အမျိုးသမီးတစ်ဦးကိုလည်း အဓမ္မပြုကျင့်သွားခဲ့ကြောင်း ယင်းမာပင်မြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က အသိပေးသည်။

“ အဓမ္မပြုကျင့်ခံရတဲ့ အမျိုးသမီးက အသက်(၂၅) ဝန်းကျင်ပါ။ သူအခု ပျောက်နေပါတယ်။ ရန်သူ စကစကောင်တွေ သုံးသွားတဲ့ ကွန်ဒုံးပါတွေ့တယ်” ဟု ယင်းမာပင်အခြေစိုက် မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ တာဝန်ခံတစ်ဦးက ပြောသည်။

(မီးရှို့ဖျက်ဆီးခံရသော မြောက်နုံးကျေးရွာအား တွေ့ရစဥ်။ ဓာတ်ပုံ-ယင်းမာပင်မြို့နယ်သတင်းမှန်ပြန်ကြားရေး)
(မီးရှို့ဖျက်ဆီးခံရသော မြောက်နုံးကျေးရွာအား တွေ့ရစဥ်။ ဓာတ်ပုံ-ယင်းမာပင်မြို့နယ်သတင်းမှန်ပြန်ကြားရေး)

ထို့အပြင် စစ်အုပ်စုသည် ယမန်နေ့ နံနက် ၁၀နာရီခွဲခန့်တွင် သပြေအေးကျေးရွာသို့ ဆက်လက်စစ်ကြောင်းထိုးသွားပြီး ဝါးစိမ်းတောင်ပေါ်၌ ညအိပ်တပ်စွဲခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် ဖေဖော်ဝါရီ ၂၂ရက်မှစ၍ ယနေ့အထိ ယင်းမာပင်မြို့နယ်အတွင်း စစ်ကြောင်းထိုးလှည့်လည်ကာ မီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူ များအား သတ်ဖြတ်ခြင်းများ ပြုလုပ်နေပြီး မီးဘေးသင့်နှင့် စစ်ရှောင်ပြည်သူများ အကူအညီအများအပြားလိုအပ်နေကြောင်း သိရသည်။

You May Also Like

သတင်း

ဖေဖော်ဝါရီအတွင်း ကရင်နီ- ရှမ်းနယ်စပ် တိုက်ပွဲများ၌ စစ်ကောင်စီတပ်နှင့်အတူ ပူးပေါင်း ဆောင်ရွက်နေသည့် PNO/PNA တပ်ဖွဲ့ဝင်များလည်း သေဆုံးထိခိုက်ရှိခဲ့သည်။

သတင်း

ဖေဖော်ဝါရီ၁၈ ရက်ကလည်း မြောင်မြို့မရဲစခန်းကို PDFများ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားနှစ်ဦးသေဆုံးပြီး တစ်ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့သည်။

သတင်း

ဖေဖော်ဝါရီပထမအပတ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သည် ရှမ်း - ကယားနယ်စပ် မိုးဗြဲမြို့တွင်းရှိ ဘုရားစေတီ ကုန်းပေါ်နှင့် မြို့ဘေးပတ်ဝန်းကျင်ရှိ အနီးတဝိုက်ကျေးရွာများအတွင်း တပ်အင်အားဖြည့် တင်းသဖြင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။

သတင်း

ကျိုက်ထိုမြို့နယ် ရန်ကုန် - မော်လမြိုင် အဝေးပြေးလမ်းမဘေး တစ်နေရာ၌ စစ်ကောင်စီ ယာဉ်တန်းများလုံခြုံရေးအတွက် ကင်းပုန်းဝပ်ရန်လာသည့် စစ်ကောင်စီတပ်ဖွဲ့အား KRFနှင့် KNLA တပ်ရင်း(၃) ပူး​ပေါင်းတပ်ဖွဲ့ဝင်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။