စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် ကျောက်ရစ်စခန်းမှ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်အား မိုင်းဆွဲတိုက်ခိုက်ရာ ထိခိုက်မှုများရှိကြောင်း မြောင်ဗိုလ်တောက်ထွန်းအထူးတပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်တောက်ထွန်းက ပြောသည်။
မတ်လ ၃ရက် ညနေ ၄ နာရီခန့်က မြောင်မြို့နယ်၊ ကျောက်ရစ်စခန်းမှ စစ်ကောင်စီတပ်သည် ရွှေတချောင်းကျေးရွာသို့ စစ်ကြောင်းထိုးလာရာ လမ်းပိုင်းတစ်နေရာတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ ထိုမိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးပြင်းထန် ဒဏ်ရာရရှိသွားကြောင်း တပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်တောက်ထွန်းက ပြောသည်။
အဆိုပါ စစ်ဆင်ရေးကို မြောင်ဗိုလ်တောက်ထွန်းအထူးတပ်ဖွဲ့နှင့် နတ်စစ်သည်တော်များ ဖောက်ခွဲရေးLocal တပ်ပေါင်းစု ၊ Blood Brothers နှင့် မြောင် Heroအဖွဲ့ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။
ဖေဖော်ဝါရီ၁၈ ရက်ကလည်း မြောင်မြို့မရဲစခန်းကို PDFများ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားနှစ်ဦးသေဆုံးပြီး တစ်ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့သည်။
