ရန်ကုန်မြို့ရှိ မြို့နယ်တော်တော်များများ၌ ဖေဖော်ဝါရီ ၁၇ ရက်တွင် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး မိုးသီးများလည်းကြွေခဲ့သည်။
” မိုးများလာပြီး ခေါင်မိုးပေါ်ကနေ တဒေါက် ဒေါက်ကျလာသံတွေကြားရလို့ ထွက်ကြည့်တာ မိုးသီးသေးသေးလေးတွေပါလာတာ” ဟု ဒဂုံမြို့သစ် အရှေ့ပိုင်း မြို့နယ်၌ နေထိုင်သူတစ်ဦးကပြောသည်။


ရန်ကုန်တွင် လက်ရှိ အချိန်အထိ မိုးသည်းထန်စွာ ရွာသွန်းနေပြီး လမ်းများရေကြီးရေလျှံနေကြောင်း မွန်းလွဲ ၂ နာရီကျော်အချိန်တွင် ၎င်းကပြောသည်။
ထို့ပြင် သာကေတ၊ ပုဇွန်တောင်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊ ထောက်ကြန့်စသည့် မြို့များတွင်လည်း မိုးသီးကြွေသည်အထိ မိုးရွာသွန်းမှုများရှိကြောင်း ဒေသခံများက ပြောသည်။


ရန်ကုန်မြို့၌ ဖေဖော်ဝါရီ ၁၆ ရက်ကလည်း မြို့နယ်တော်တော်များများ၌ မိုးသည်ထန်စွာ ရွာသွန်းမှုများရှိခဲ့သည်။
အချို့နေရာများ၌ မိုးသည်းထန်သလို လေပြင်းများတိုက်ခတ်သောကြောင့် သစ်ပင်လဲကျသည့် ဖြစ်စဉ်များလည်းရှိခဲ့သည်။
