ရန်ကုန် − မန္တလေး အမြန်လမ်းမကြီး ညပိုင်းသွားလာခွင့်ကို ည၁၀ နာရီ အထိသာ စစ်ကာင်စီက ပြင်ဆင်သတ်မှတ်လိုက်တယ်လို့ အဝေးပြေးခရီးသည်တင် ယာဉ်လိုင်းအချို့ ရဲ့ အသိပေးချက်အရသိရပါတယ်။
အောက်တိုဘာလ ၂၆ ရက်စပြီး မန္တလေးဘက် စကားအင်းတိုးဂိတ် ကို နောက်ဆုံးဖြတ်သန်းချိန် ည ၁၀ နာရီအထိ ပြောင်းလဲသတ်မှတ်လိုက်ပါတယ်။
အရင်ကတော့ ည ၁၂ နာရီအထိ ခွင့်ပြုပေးထားတာပါ။
အလားတူပါပဲ မိတ္ထီလာ သီးကုန်းတိုးဂိတ် နောက်ဆုံးဖြတ်သန်းချိန်ကိုလည်း ည ၁၀ နာရီပြောင်းလဲလိုက်တယ်လို့သိရပါတယ်။
ဒီလို ဖြတ်သန်းခွင် ကန့်သတ်အချိန်ကြောင့် အမြန်လမ်းသုံး ယာဉ်တွေအနေနဲ့ တိုးဂိတ် ဧရိယာတွေ ၊အမြန်လမ်းဘေးမှာ ညအိပ်ရပ်နားတာမျိုးမလုပ်ရဘူးလို့စစ်ကောင်စီက တားမြစ်ထားပါတယ်။
အမြန်လမ်းတလျောက် ယာဉ်ရပ်နားဝင်းတွေဖြစ်တဲ့ ၃၉ မိုင် ၊ ၁၁၅ မိုင်၊ မိုင် ၂၀၀ နဲ့ ၂၈၅ မိုင်နေရာတွေမှာ ညအိပ် ရပ်နားရမယ်လို့ ထုတ်ပြန်ထားတယ်လို့သိရပါတယ်။
စစ်တပ်အာဏာမသိမ်းခင်ကတော့ အမြန်လမ်းမကြီးမှာ အချိန့်ကန့်သတ်ချက်မရှိဘဲ လွတ်လွတ်လပ်လပ်သွားလာနိုင်ခဲ့ပါတယ်။
