ထိုင်းနိုင်ငံတောင်ပိုင်း ချွန်ဖော်ခရိုင်ထဲက ဒူးရင်းစိုက်ပျိုးရေးခြံ မှာ မြန်မာရွှေ့ပြောင်းလုပ်သား ၂ ဦးမနေ့ က သတ်ဖြတ်ခံလိုက်ရတယ်လို့ထိုင်းသတင်းတွေဖော်ပြပါတယ်။
မနေ့ ဖေဖော်ဝါရီ ၁၄ ရက်ညပိုင်း ၈ နာရီမှာ လူသတ်မှုသတင်းကို ထိုင်းရဲက ကြားသိရတာပါ။
ထိုင်းရဲက သွားရောက်စစ်ဆေးရာမှာ စိုက်ပျိုးရေးခြံထဲက တဲမှာ မြန်မာရွှေ့ပြောင်းလုပ်သား ၂ဦးဟာ ဓားဒဏ်ရာတွေနဲ့ သွေးအိုင်ထဲ လဲကျသေဆုံးနေတာကိုတွေ့ခဲ့ရပါတယ်။
သေဆုံးသူ ၂ ဦးဟာ အသက် ၄၈ နှစ်အရွယ်နဲ့ အသက် ၅၈ နှစ်အရွယ်တွေရှိကြပါပြီ။
ပြီးခဲ့တဲ့တနင်္ဂနွေနေ့ကလည်း ထိုင်းနိုင်ငံ၊ စမွတ်ပကန်ခရိုင် ထဲမှာ အသက် ၂၃ နှစ်အရွယ် မြန်မာအမျိုးသားဟာ နေထိုင်ရာ အခန်း မှာသတ်ဖြတ်ခံခဲ့ရပါသေးတယ်။
