မန္တလေးမှာ ဖမ်းဆီးထားတဲ့ ဆိုင်ကယ်တွေ ကို တော်လှန်ရေးအင်အားစုတွေဘက်က အသံတိတ်သပိတ်ဆင်နွှဲမယ့် မနက်ဖြန် ဖေဖော်ဝါရီလ ၁ ရက်မှာ စစ်ကောင်စီဘက်က ပြန်လာရွေးခိုင်းတယ်လို့ စုံစမ်းသိရပါတယ်။
ဒီနေ့တစ်နေ့လုံး မန္တလေးကနေရာအနှံမှာ ဆိုင်ကယ်ဖမ်းတာတွေကို စစ်ကောင်စီလက်အောက်ခံတွေက ပြုလုပ်ခဲ့ပါတယ်။
ဆိုင်ကယ်လိုင်စင်၊ လူလိုင်စင်မပါရှိသူတွေကို ယခင်လို ချလံဖြတ်၊ ဒဏ်ငွေပေးဆောင်တာမျိုးမဟုတ်ဘဲ ဆိုင်ကယ်ကို သိမ်းလိုက်ပြီး မနက်ဖြန် လာရွေးခိုင်းတာပါ။
” မနက်ကတည်းက တစ်မြို့လုံးပတ်စစ်နေတာ၊ နေရာအနှံ့ပဲ ၊ပိတ်စစ်နေတာ၊ဆိုင်ကယ်က အကုန်ပြည့်စုံတာတောင်မှ အကုန်ရှာတာ” လို့ မြို့ခံတစ်ဦးကပြောပါတယ်။
မန္တလေးမှာ ဆိုင်ကယ်ဖမ်းတာကို မနေ့က ဇန်နဝါရီလ ၃၀ ရက် ကစတင်ပြီး စစ်ကောင်စီက ပိုအားစိုက်ခဲ့တာပါ။
မနက်ဖြန် ပြုလုပ်မယ့် အသံတိတ်သပိတ်ကိုလှုံဆော်သူတွေ ၊ ပါဝင်မယ့်ဈေးဆိုင်တွေ ကိုအရေးယူမယ်လို့ စစ်ကောင်စီက ခြိမ်းခြောက်ပါသေးတယ်။
