စစ်ကောင်စီ၏ ဖားကန့်မြို့နယ်ထွေအုပ်ရုံး ယမန်နေ့ညနေက တိုက်ခိုက်ခံရပြီးစစ်ကောင်စီအရာရှိတစ်ဦးသေဆုံးကာ ၆ဦး ဒဏ်ရာရသွားကြောင်း ဒေသခံများကပြောသည်။
” ထွေအုပ်ရုံးကို ကားပေါ်ကနေပစ်သွားတာ။ ဗုံးနဲ့ပစ်တာလို့ သိရတယ်။ရုံးထဲမှာအစည်းအဝေးလုပ်နေချိန်ပစ်သွားတာ”ဟု ဖားကန့်ထွေအုပ်ရုံးမိသားစုဝင်တစ်ဦးကပြောသည်။
အဆိုပါတိုက်ခိုက်မှုသည် ဇန်နဝါရီလ ၂၁ရက် ညနေ ၄နာရီခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီးမည်သည့်အဖွဲ့ကပစ်ခတ်သည် တိုက်ခိုက်သည်ကိုမူ မသိရသေးပေ။
“ထွေအုပ်ရုံးကိုတိုက်ခိုက်သွားတဲ့သတင်းရပါတယ်။ဘယ်အဖွဲ့လဲဆိုတာ ကျွန်တော်တို့သိပေးမယ့် အသေးစိတ်တော့ ပြောလို့မရပါဘူး” ဟု ဖားကန့်အခြေစိုက်တော်လှန်ရေးအင်အားစုဝင်တစ်ဦးကပြောသည်။
ဇန်နဝါရီလ၄ရက်ကလည်းဖားကန့်ထွေအုပ်ရုံးတွင်စစ်ကောင်စီကပြုလုပ်နေသည့် လွတ်လပ်ရေးနေ့ အခမ်းအနားကို KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲတစ်ဦးပွဲချင်းပြီးသေဆုံးပြီး လေးဦးဒဏ်ရာရရှိခဲ့သည်။
