နေပြည်တော် ဥတ္တရသီရိမြို့နယ်၊ ရွှေနံသာရပ်ကွက် V4 လမ်းဆုံရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်အားတိုက်ခိုက်မှုတွင် စစ်ကောင်စီလက်ပါးစေ ရဲအရာရှိတစ်ဦးသေဆုံးပြီး နှစ်ဦး ပြင်းထန်ဒဏ်ရာရသွားကြောင်း နေပြည်တော်(ပ.က.ဖ) မှ ယနေ့(ဇန်နဝါရီ ၁)နောက်ဆက်တွဲ ထုတ်ပြန်သည်။
အဆိုပါ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်အား နေပြည်တော် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ)နှင့် လယ်ဝေးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်း၍ ဒီဇင်ဘာ ၁၉ ရက် ည ၁၀နာရီခွဲက တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
“စကစဘက်မှ ရဲအရာရှိတစ်ဦး သေဆုံးခဲ့ပြီး၊ ရဲတပ်သားနှစ်ဦးပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိ၍ ဆေးကုသမှုခံယူနေကြောင်း နောက်ဆက်တွဲအဖြစ် အတည်ပြု သတင်းထုတ်ပြန်အပ်ပါသည်”ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ)နေပြည်တော်က ဖော်ပြသည်။
အထက်ပါတိုက်ခိုက်မှုတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ရဲဘော်များက လက်ပစ်ဗုံးနှစ်ဖြင့် ပစ်ခတ်ဖောက်ခွဲခဲ့သော်လည်း တစ်လုံးသာပေါက်ကွဲသွားခဲ့ကြောင်း နေပြည်တော်(ပ.က.ဖ)က People’s Spring သို့ ဖြေ ကြားထားသည်။
