▪︎ဒေသခံကာကွယ်ရေးနှင့် စစ်ရေးတင်းမာနေ
ပခုက္ကူခရိုင်၊ ပေါက်မြို့မြောက်ပိုင်းရှိလယ်ဘဲ့ရွာကိုစစ်ကောင်စီတပ်နှင့်၎င်းတို့လက်အောက်ခံပျူစောထီးများကစစ်ကြောင်းနှစ်ကြောင်းဖြင့်ယနေ့ညနေပိုင်းကဝင်ရောက်ပြီး မီးရှို့နေကြောင်း ဒေသခံကာကွယ်ရေးတပ်များထံမှသိရသည်။
စစ်ကောင်စီတပ်နှင့်ပျူစောထီးအင်အား ၁၀၀ခန့်ကအဆိုပါကျေးရွာကိုယနေ့ညနေပိုင်းတွင်စစ်ကြောင်းထိုးဝင်ရောက်လာပြီး နေအိမ်အချို့ကိုမီးရှို့နေခြင်းဖြစ်သည်။ထိုကြောင့်ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များနှင့်စစ်ရေးတင်းမာနေခြင်းဖြစ်ကြောင်းဒေသခံများကပြောသည်။

“လွန်ခဲ့တဲ့ ၅ ရက်လောက်ကပျူစောထီးတွေကင်းလှည့်တာကိုကာကွယ်ရေးတပ်တွေနဲ့ထိပ်တိုက်တွေ့ပြီးပစ်ခတ်မှုဖြစ်ပွားပြီးကတည်းကနှစ်ဖက်စစ်ရေးတင်းမာနေတာ”ဟုအနောက်ပိုင်းတိုင်း၊တပ်မဟာ (၇)၊တပ်ရင်း (၇၀၃)ကွန်မန်ဒိုတပ်ဖွဲ့ခေါင်းဆောင်ကပြောသည်။
အဆိုပါရွာ၏ တောင်၊မြောက်နှစ်ခြမ်းကိုပျူစောထီးများနှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များကထိန်းထားခြင်းဖြစ်သည်။လက်ရှိတွင်စစ်ကောင်စီတပ်က ကျေးရွာအတွင်းဝင်ရောက်လာပြီး လူနေအိမ်များကို မီးရှို့နေခြင်းဖြစ်သည်။
စစ်ရေးတင်းမာနေပြီးကျေးရွာအခြေအနေကိုအသေးစိပ်မသိရသေးကြောင်းဒေသခံပြည်သူ့ကာကွယ်ရေးတပ်များကပြောသည်။
