မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်တွင် ပျူစောထီးစခန်းအား ဝင်ရောက်တိုက်ခိုက်ရာ ပျူများထိခိုက်သေဆုံးမှုရှိကြောင်း YSO.ISA (ရေလယ်ကျွန်းဒေသပြောက်ကျားတပ်ဖွဲ့)က ထုတ်ပြန်သည်။
ဒီဇင်ဘာ ၂၇ ရက် နံနက် ၂မိနစ်ခန့်က ငါးဇွန်မြို့နယ်၊ ဆုံကျေးရွာတွင် တပ်စွဲနေထိုင်သော ပျူများအား ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှု ၁ နာရီခွဲခန့်ကြာမြင့်ခဲ့ပြီး ပျူသုံးဦးသေဆုံးကာ ၁၀ဦးနှင့်အထက်ဒဏ်ရာရှိခဲ့သည်ဟု သတင်းရကြောင်း YSO.ISA (ရေလယ်ကျွန်းဒေသပြောက်ကျားတပ်ဖွဲ့)က အသိပေးသည်။
တိုက်ပွဲအတွင်း PDFများဘက်က ရဲဘော်တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မစိုးရိမ်ရကြောင်း၊ ကျန်ရဲဘော်များအားလုံး အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း YSO.ISA ၏ ထုတ်ပြန်ချက် တွင် ဖော်ပြသည်။
အဆိုပါ စစ်ဆင်ရေးကို YSO.ISA (ရေလယ်ကျွန်းဒေသပြောက်ကျားတပ်ဖွဲ့)၊ MGN TIGER II၊Myingyan Twenty One Guerilla၊ Force-MTGF(မြင်းခြံခရိုင် တပ်ရင်း၂)၊ နောင်ရိုးပြောက်ကျားတပ်ဖွဲ့၊ MGN Tiger (မြင်းခြံ ခရိုင်တပ်ရင်း ၂)၊ Wolf Brothers PDF၊ Liberation Army of Central၊ Region(LACR) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။
ဖြစ်စဥ်နှင့်ပတ်သက်၍ YSO.ISA ထံ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။
ငါန်းဇွန်မြို့နယ်တွင် စစ်ကောင်စီတပ်အား ဒေသကာကွယ်ရေးတပ်များက ပြောက်ကျားတိုက်ခိုက်မှုများရှိနေပြီး ပြည်သူအချို့လည်းဖမ်းဆီးခံရမှုများရှိသည်။
