စစ်ကိုင်းတိုင်း၊ မုံရွာမြို့ တောပုကျေးရွာရှိ ပျူစောထီးများနှင့် ကင်းပုန်းဝပ်စစ်ကောင်စီတပ်အား လက်ပစ် ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒဿ Monywa PDF ပြောက်ကျားတပ်ဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ယနေ့ (ဒီဇင်ဘာ ၂၇ ရက်)ညနေ ၃နာရီခန့်က မုံရွာမြို့နယ်ရှိ ပျူစောထီးကြီးစိုးရာ တောပုရွာရှိ ပျူများကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒဿ Monywa PDF ပြောက်ကျားတပ်ဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ထို့အပြင် ညနေ ၄ နာရီခွဲခန့်တွင်လည်း မုံရွာမြို့ မန်ကျည်းပင်စျေးအနီးတွင် ကင်းပုန်းဝပ်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား လက်ပစ်ဗုံးဖြင့် ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ၎င်းတာဝန်ခံက ပြောသည်။
“တောပုရွာကိုပစ်တာက အချိန်က ၁၀မိနစ်လောက် ကြာခဲ့ပါတယ်။ပြီးတော့ မုံရွာမြို့ မန်ကျည်းပင်စျေးနားက စကစတွေ ကင်းပုန်းဝပ်နေတာကို နာနတ်သီးနဲ့တိုက်ခိုက်ခဲ့ပါတယ်။ စကစတွေက မတ်တူးကားနဲ့လိုက်ပါတယ်။ ကလေးတွေ ဘေးမသီရန်မခဘဲပြန်လည် လွတ်မြောက်လာပါတယ်”ဟု ဒဿ Monywa PDF ပြောက်ကျားတပ်ဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။
အဆိုပါ စစ်ဆင်ရေးအား Monywa UG တပ်ပေါင်းစုအဖွဲ့များနှင့်အတူ ဆောင်ရွက်ခဲ့ပြီး ရဲဘော် များအထိအခိုက်မရှိကြောင်း၊ စစ်အုပ်စုထိခိုက်မှုအခြေအနေကို စုံစမ်းနေကြောင်း အသိပေးသည်။
ယခု ဒီဇင်ဘာအတွင်း မုံရွာမြို့နယ် တောပုကျေးရွာရှိပျူများအား ဒေသတွင်း PDFများက ဆက်တိုက်နီးပါး တိုက်ခိုက်နေသည်။
