မန္တလေးတိုင်း၊ ပုလိပ်မြို့မှာ ဖွင့်ထားတဲ့ KTV ဆိုင်တစ်ဆိုင်ကို ဒေသကာကွယ်ရေးတပ်ဖွဲ့ ကဒီဇင်ဘာလ. ၂၄ ရက်မှာ ပစ်မှတ်ထားပြီးတိုက်ခိုက်ခဲ့ပါတယ်။
တိုက်ခိုက်မှုကို စဉ့်ကိုင်ဒေသကာကွယ်ရေးတပ်ဖွဲ့ က မနေ့က ဒီဇင်ဘာလ ၂၄ ရက် နေ့ခင်းပိုင်း ၂ နာရီမှာ ဆောင်ရွက်ခဲ့တာလို့ LPDF SINTGAINGအဖွဲ့က ထုတ်ပြန်ပါတယ်။
ဗုံးနဲ့တိုက်ခိုက်ခဲ့တာဖြစ်ပြီး ပုလိပ်မြို့မှာရှိတဲ့ စစ်ကောင်စီတပ်ကို လိုင်းကြေးပေးဖွင့်လှစ်လို့တိုက်ခိုက်တာလို့ဆိုထားပါတယ်။
ဒီလိုတိုက်ခိုက်မှုမလုပ်ခင် ပုလိပ်မြို့က KTV ၊ ဘားနဲ့ကလပ်တွေအနေနဲ့ စစ်ကောင်စီတပ်ကို ငွေကြေးမပေးဖို့ကြိုတင်သတိပေးခဲ့တယ်လို့လည်းသိရပါတယ်။
ပလိပ်မြို့မှာ မန္တလေးမြို့အနီး ၊မြစ်ငယ်မြစ်ဘေးမှာတည်ရှိတဲ့မြို့လည်းဖြစ်ပါတယ်။
