စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ရှိ စိုက်ပျိုးရေးရုံးအား လျက်ဆားပုလင်းမိုင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီလက်အောက်ခံဝန်ထမ်းအချို့ ထိခိုက်သူများရှိကြောင်း Royal Phoenix Guerilla Force အဖွဲ့ က သတင်းထုတ်ပြန်သည်။
စစ်ကိုင်းမြို့၊ ပန်းတဲရပ်ကွက်ရှိ စိုက်ပျိုးရေးရုံး Royal Phoenix Guerilla Force-RPGFက ဒီဇင်ဘာ ၂၃ ရက် မွန်းလွဲ ၂ နာရီခွဲခန့်က လျက်ဆားပုလင်းမိုင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
ထိုသို့တိုက်ခိုက်မှုကြောင့် ဒု-ဦးစီးမှူး သုံးဦး၊ လက်ထောက်ဦးစီးမှူး၊ အငယ်တန်းစာရေး အပါအဝင် စုစုပေါင်း ၉ ဦးထိခိုက်ဒဏ်ရာရရှိသွားကြောင်း စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။
“စစ်ကိုင်းခရိုင် ထွေအုပ်ရုံးအစည်းအဝေးများကို ခရိုင်စိုက်ပျိုးရေးရုံးဝင်းထဲမှာ ပြုလုပ်လေ့ရှိတယ်လို့သိရပါတယ်”ဟု စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။
စစ်ကောင်စီလက်အောက်၌ တာဝန်ထမ်းဆောင်နေသူများကို တော်လှန်ရေးအား အနှောင့်အယှက်ပြုသူများအဖြစ် သက်မှတ်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း Royal Phoenix Guerilla Force-RPGF က သတိပေးသည်။
