ရှမ်းပြည်နယ်တောင်ပိုင်း ၊ဟိုပုံးမြို့နယ်အတွင်း လက်နက်သယ်ဆောင်လာတဲ့ ၆ ဘီးကားကို ဖမ်းဆီးရာကနေ သေနတ် အလက် ၅၀၀ နီးပါး ဖမ်းမိတယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်လာပါတယ်။
ပြီးခဲ့တဲ့ စနေနေ့ ဒီဇင်ဘာလ၁၇ ရက်က ဟိုပုံးမြို့နယ် ၊မိုင်းပျဉ်းကျေးရွာအုပ်စု အနီးမှာ ၆ ဘီးကားတစ်စီးကို မသင်္ကာလို့ရပ်တန့်စေရာမှာ မရပ်ဘဲ မောင်းပြေးသွားပြီး လိုက်လံဖမ်းဆီးရာမှာ ကားကိုရခဲ့တယ်လို့စစ်ကောင်စီက ဆိုထားပါတယ်။


အဲဒီကားပေါ်ကနေ Type -81 အမျိုးအစား သေနတ်အလက် ၄၉၉ လက် နဲ့ ကျည်အိမ် ၄၉၈ ခု ကိုသိမ်းဆည်းရမိတယ်လို့လည်း စစ်ကောင်စီက သတင်းထုတ်ပါတယ်။
ဒီလက်နက်တွေဟာ စစ်ကိုင်းတိုင်းက PDF တွေ ဆီ ပို့မယ့် လက်နက်တွေဖြစ်တယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့် လူမှုကွန်ရက်အချို့မှာ ဖြန့်ဝေနေကြပါတယ်။
