စစ်ကိုင်းတိုင်း၊ ခန္တီးမြို့၊ ခန္တီးမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးကို PDF ထံ လက်နက်ရောင်းဝယ်ပေးသည်ဟု စစ်ကောင်စီကစွပ်စွဲ၍ဖမ်းဆီးစစ်ဆေးနေသည်။
ခန္တီးမြို့မရဲစခန်းမှ ရဲတပ်သာ ယောဟန်ကို စစ်ကောင်စီက ဒီဇင်ဘာ ၁၇ရက်ညနေတွင် ဖမ်းဆီးသွားခြင်းဖြစ်သည်။
” နာဂတိုင်းရင်းသားဗျ။ သူ့ကို PDF ဆီလက်နက်ရောင်းချတဲ့အထဲပါတယ်ဆိုပြီးဖမ်းသွားတာ” ဟု ခန္တီးမြို့ခံတစ်ဦးကပြောသည်။
အသက် ၂၈ နှစ်အရွယ်ရဲတပ်သား ယောဟန်ကိုစစ်ကောင်စီတပ်က သက်သေမခိုင်လုံဘဲ ဖမ်းဆီးသွားခြင်းဖြစ်ကြောင်းဒေသတွင်း တာဝန်ကျရဲအရာရှိတစ်ဦးကပြောသည်။
ထို့အပြင် စစ်ကောင်စီတပ်သည် ယခုရက်ပိုင်းအတွင်း ဟုမ္မလင်းမြို့နယ်မှ PDFတပ်ဖွဲ့ဝင်အချို့ ခန္တီးမြို့သို့ရောက်နေသည်ဟုဆိုကာ ပိတ်ဆို့စစ်ဆေးနေသည်။
