စစ်တပ်အာဏာသိမ်းမှုအပေါ်ထောက်ခံပြီးစစ်ကောင်စီနှင့်ပူးပေါင်းနေသည့် မော်လိုက်မြို့နယ်မှ ဒီချုပ်ပါတီလွှတ်တော်အမတ်ဟောင်း ဦးဘိုသိန်းသည် ၎င်း၏နေအိမ်တွင်သေနတ်ဖြင့် ပစ်သတ်ခံရသဖြင့်သေဆုံးသွားကြောင်းဒေသခံအချို့ကပြောသည်။
ဦးဘိုသိန်းသည် ဒီဇင်ဘာ ၁၃ရက်ညနေက ၎င်း၏နေအိမ်အတွင်းအမျိုးသားနှစ်ဦးကဝင်ရောက်ကာ သေနတ်ဖြင့် ပစ်သတ်သွားခြင်းဟုမော်လိုက်မြို့ခံအချို့ကပြောသည်။သို့သော်ဦးဘိုသိန်းအား မည်သည့်အဖွဲ့က သေနတ်ဖြင့်ပစ်သွားသည်ကို မသိရသေးပေ။
“ဦးဘိုးသိန်းကလူထုတော်လှန်ရေးအတွက်အန္တရာယ်ဗျ။စစ်ကောင်စီနဲ့ တွဲပြီး မြို့မှာ စီးပွားရေးသောင်းကျန်းနေတဲ့သူ” ဟု မောက်လိုက်မြို့ခံတစ်ဦးက ပြောသည်။
၎င်းသည် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရစီအဖွဲ့ချုပ်ပါတီကိုယ်စားပြုကာ စစ်တိုင်းတိုင်းဒေသကြီးအမတ်နေရာ၌ ရွေးကောက်ပွဲဝင်ပြိုင်ခဲ့ပြီး အနိုင်ရခဲ့သည်။သို့သော် ၂၀၂၀ ရွေးကောက်ပွဲတွင် ဒီချူပ်ပါတီမှ နှုတ်ထွက်ပြီး တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းအနေဖြင့်ရွေးကောက်ပွဲ ဝင်ပြိုင်ခဲ့ရာ ရှူံးနိမ့်ခဲ့သည်။
ရွေးကောက်ပွဲရှုံးနိမ့်ပြီးနောက် စစ်အုပ်စုအာဏာသိမ်းသောအခါ အာဏာသိမ်းမှုကိုထောက်ခံပြီးစစ်တပ်နှင့် ပူးပေါင်းကာ စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ခြင်း၊ တော်လှန်ရေးအင်အားစုများ၏ သတင်းများအားစစ်ကောင်စီထံပေးပို့ခြင်းများပြုလုပ်နေသူဖြစ်ကြောင်း မြို့ခံများကပြောသည်။
