PDF ၃ ဦးကျဆုံးပြီး ၅ ဦးမစိုးရိမ်ရဒဏ်ရာရ
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမကျေးရွာရှိ ပျူစောထီးစခန်းအား ဒေသတွင်းအဖွဲ့များက ယမန်နေ့တွင် ပူးပေါင်းတိုက်ခိုက်ရာ အကြမ်းဖက်စစ်ကောင်စီတပ်နှင့်ပျူ ၃၈ဦးသေဆုံးပြီး ပြည်သူ့ရဲဘော်၃ဦး ကျဆုံးကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
ယမန်နေ့ သြဂုတ်လ ၆ရက်နေ့ နံနက် ၅ နာရီ ၁၅မိနစ်ခန့်က မြိုင်မြို့နယ်၊ တွင်းမပျူစောထီးစခန်းကို ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကအလစ်ငိုက်ဖမ်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အကြမ်းဖက်စစ်တပ်နှင့်ပျူများ အခြေချထားသော မြိုင်မြို့နယ် တွင်းမကျေးရွာတွင် ၄င်းတို့၏အဖွဲ့များ စုံလင်ချိန် သိန်ကုန်းရွာဘုရားပွဲကျင်းပမည့်နေ့ရက်တွင် အကြမ်းဖက်စစ်တပ်နှင့်ပျူများ ဖိတ်ကြားထားကြောင်းသတင်းရရှိ၍ စစ်သားနှင့်ပျူများလူစုံချိန်တွင် မဟာမိတ်အဖွဲ့များက စနစ်တကျ စီစဥ်၍အလစ်ငိုက်ဖမ်းတျုက်ခိုက်ခဲ့သည်။
အကြမ်းဖက်စစ်တပ်နှင့်ပျူ ၃၄ဦး နေရာတွင်ပင် ပွဲခြင်းပြီးသေဆုံးသွားသည်ဟု မြိုင်PDF ကအသိပေးသည်။
ထိုအပြင်စစ်ကူလာသည့် စစ်ကောင်စီနှင့် ပျူစောထီးများကိုလည်း လမ်းတွင် မိုင်းဆွဲတိုက်ခိုက်ရာ ဆိုင်ကယ် ၇စီးအနက် ၃စီးမှာနေရာတွင် ပျက်စီးသွားပြီး အခြား ၄စီးမှာ ထွက်ပြေးသွားကြောင်း၊ ယင်းထွက်ပြေးသွားသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို ပစ်ခတ်ရာ ဆိုင်ကယ် ၂စီးသာ လွသွားပြီးတွင်းမစာသင်ကျောင်းထဲ ဝင်သွားကြောင်း ဖော်ပြခဲ့သည်။
ထပ်မံ၍ ပျူစောထီးစခန်းသိမ်းနိုင်ရန်ကြိုးစားသော်လည်း လေကြောင်း မြေပြင် စစ်ကြောင်းတို့ ရောက်လာ၍ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း မြိုင်ပကဖ ကပြောသည်။
ပျူသင်တန်းတက်နေသော ဖရဲသီး၏ သတင်းပေးမှု တိကျမှု အားနည်းချက်ကြောင့် သိမ်းပိုက်နိုင်ခြင်း မရှိဘဲ ရဲဘော်၃ ဦး ကျဆုံးပြီး ၅ ဦးမစိုးရိမ်ရဒဏ်ရာရရှိခဲ့ကြောင်း မြိုင်ပကဖ ကပြောသည်။
တိုက်ပွဲဖြစ်ပွားမှု တစ်နာရီကျော်ကြာမြင့်ခဲ့ပြီးအတွင်းဖရဲသီး၏ သတင်းပေးပို့ချက်အရပခုက္ကူ ခလရ(၂၅၉)တပ်မှ စစ်ကောင်စီတပ်သား ၅ဦးနှင့်ပျူစောထီးခေါင်းဆောင်အပါအဝင်အကြမ်းဖက်စစ်ကောင်စီတပ်နှင့်ပျူ ၃၈ ဦး၊ ဒဏ်ရာရ ၂၇ ဦး ပခကဆေးရုံ ပို့ဆောင်ထားသည်ဟုလည်းဖော်ပြထားသည်။
မြိုင် ပကဖ တပ်ရင်း-၁ တပ်ရင်းမှုး ဗိုလ်လက်ယာက “ကျွန်တော့်ကလေးတွေ စိတ်ဓါတ်တော့ အရမ်းလေးစားပါတယ်ဗျာ ရင်ဘက် မှန်တော့ ကလေးက သေနတ်ပစ်ပေးတယ်။ ကူညီတဲ့ ကလေးက သေနတ်၂လက်ကိုင်ပြီး ထမ်းပြေးရင်းထိတော့ လူသာအသေခံမယ်။ သေနတ်မပါစေရဘူးဆိုပြီး အခြာ ရဲဘော်ဆီ ပြေးပေးရင်း လဲကျသေသွားတယ်ဗျာ။ ကျွန်တော့်စကားနားထောင်တာကတော့ ထိအောင်ပစ် ရအောင်ကောက် လွတ်အောင်ပြေး သင်ထားတာနဲ့ သေနတ်ကို အသက်ထက် တန်ဖိုးထားတာ ဝမ်းနည်းမိတယ်။”ဟု ပြောသည်။
ထိုတိုက်ပွဲ ကုန်ကျစရိတ် မြိုင်-ပကဖ တစ်ခုထဲပင် သိန်း ၈၀၀ ခန့်ကုန်ကျခဲ့ကြောင်း၊ ပြည်သူများ၏ ကူညီထောက်ပံ့မှု့ကြောင့် ယခုလို တိုက်ပွဲများ ဖော်ဆောင်နိုင်ခြင်းဖြစ်ပြီး တတ်နိုင်သည့်ဘက်မှ ကူညီထောက်ပံ့ကြရန် မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မေတ္တာရပ်ခံသည်။
အဆိုပါဖြစ်စဥ်အား မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊(တပ်ရင်း၁)က ဦးဆောင်၍ ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( PPDF) ၊ 3 in1တပ်ဖွဲ့၊ မိုးပျံရပ်ကျေးပခက၊ ပုံတောင်ညီနောင်တပ်ဖွဲ့၊မကွေးPDF၊ ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ MUGDFတပ်ဖွဲ့ ၊ West Ayeyar Guerilla Force ၊ ဇာမဏီပြောက်ကျားတပ်ဖွဲ့၊ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
