ချင်းပြည်နယ်၊ မတူပီမြို့နယ် ဇိုတုန်ဒေသသို့ စစ်ကောင်စီတပ်များဝင်ရောက် လာ၍ဒေသခံ ၂,၅၀၀ ခန့် ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း The Chin Journalက ဖော်ပြသည်။
ယမန်(နေ့ဩဂုတ် ၆ရက်) ဇိုတုန်ဒေသ နားဘုန်းကျေးရွာသို့ အင်အား ၈၀ခန့်ရှိ စစ်ကောင်စီတပ် ဝင်ရောက်လာရာ အနီးအနားရှိ ကျေးရွာ ၁၁ရွာမှ ပြည်သူများ အိုးအိမ်စွန့်ခွာထွက်ပြေး နေကြရကြောင်း ချင်းကာကွယ်ရေးတပ်(CDF) -ဇိုတုန်က ထုတ်ပြန်ထားသည်ဟု ဆိုသည်။

အဆိုပါ စစ်ကြောင်းသည် ဂန့်ဂေါမှမတူပီနယ် သို့ဝင်ရောက်ပြီး ဩဂုတ် ၆ရက်တွင် တိုက်ပွဲမရှိဘဲ လက်နက်ကြီးလက်နက်ငယ်များ ပစ်ခက်၍ နားဘုန်းကျေးရွာသို့ ၀င်ရောက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
မိုးအဆက်မပျက်ရွာသွန်းမှုကြောင့် စစ်ဘေးရှောင်များအတွက် နေရာထိုင်ခင်း၊ သွားရေးလာရေး၊ စားနပ်ရိက္ခာနှင့် ဆေးဝါးများ အရေးပေါ်အကူအညီ လိုအပ်လျက်ရှိကြောင်းလည်း CDF-ဇိုတုန်က အသိပေထားသည်။
