ပုသိမ်မြို့တွင်တရားလွှတ်တော်ရှေ့နေတစ်ဦးနေအိမ်အတွင်းအသတ်ခံလိုက်ရကြောင်း ဒေသခံများကပြောသည်။
ပုသိမ်မြို့၊ အမှတ်(၄)ရပ်ကွက်တွင် နေထိုင်သော အသက် ၈၀ခန့်အရွယ်ရှိတရားလွှတ်တော်ရှေ့နေဦးဖြိုးသွင်သည် ရိုက်နှက်ခံထားရသည့်ဒဏ်ရာများဖြင့် နေအိမ်အတွင်းသေဆုံးနေသည်ကို မိသားစုဝင်များက ယနေ့(သြဂုတ်လ ၅ရက်) နံနက်လေးနာရီခန့်တွင်တွေ့ရှိခြင်းဖြစ်သည်။
” ဦးဖြိုးသွင်က အရိုက်ခံရတဲ့ဒဏ်ရာတွေနဲ့ သေဆုံးနေတာ။ လည်ပင်းကိုလည်း လျှပ်စစ်ပေါင်းအိုးကြိုးနဲ့ ပတ်ထားခဲ့တာတွေ့တယ်” ဟု ဒေသခံတစ်ဦးကပြောသည်။
နေအိမ်အတွင်း ဖောက်ထွင်းခိုးယူသူက သတ်ဖြတ်သွားခြင်းဖြစ်နိုင်ကြောင်း ဒေသခံများကပြောသည်။
ဦးဖြိုးသွင် မိသားစုပိုင် ငွေကြေးအချို့နှင့်ဖုန်းတစ်လုံးကိုပါ နေအိမ်ဖောက်ထွင်းခိုးယူသူက ယူသွားသည်ဟု သိရသည်။ ၎င်းသည်စစ်ကောင်စီနှင့် နီးစပ်သူတစ်ဦးဖြစ်သည်ဟုလည်း ဒေသခံများကပြောသည်။
