ဆောမြို့ပေါ်၌ ယခုရက်ပိုင်းများတွင် ဖောက်ထွင်းခိုးယူမှုများရှိနေပြီး ကျူးလွန်နေသူများ၏ အချက်အလက်အပြည့်အစုံကို စုံစမ်းလျှက်ရှိကာ ထပ်မံကျူးလွန်နေပါက အရေးယူသွားမည်ဟုPDF-Saw ကယနေ့(သြဂုတ် ၅)တွင်သတိပေးချက်ထုတ်ပြန်လိုက်သည်။
“နေ့လည်နေ့ခင်းအချိန် ပြောင်ပြောင်တင်းတင်း ခိုးယူနေကြတဲ့ တောကြောင်တွေအကြောင်း တိကျတဲ့ Data အချက်အလက်တွေကို စုဆောင်းနေပါတယ်”ဟု ဆို သည်။
လက်ရှိကာလတွင် လူငယ်အများစုက တော်လှန်ရေးအတွက် အိမ်နှင့်ဝေးရာတွင် အသက်ကိုစတေးပြီး တော်လှန်နေချိန် တစ်လုံးချိုင့် အခွင့်အရေးသမားတချို့က ပြည်သူပိုင်ပစ္စည်းများ၊ ပြည်သူများ၏ဆိုင်များကိုဖောက်ထွင်းခိုးယူနေကြသည်မှာ ဆောမြို့အနေဖြင့်ရုပ်ဆိုးအကျည်းတန်လှကြောင်း ထောက်ပြသည်။
ထို့ကြောင့် မြို့ပေါ်နေ ပြည်သူများမှ PDF များထံ တိကျသေချာသည့် သတင်းအချက်အလက်များပေးပြီး ကူညီပေးကြရန် PDF-Saw က တိုက်တွန်းသည်။
“ငါတို့ PDF တွေအနေနဲ့ အကြမ်းဖက်စကစသူပုန်ကို တိုက်ခိုက်တော်လှန်ရင်း မြို့အတွက် ပြည်သူတွေကို စိတ်မလုံမခြုံဖြစ်စေတဲ့ တောကြောင်တွေကို အရေးယူသွားမယ်ဆိုတာ ကတိပေးပါတယ်”ဟု ဆိုသည်။
ဖောက်ထွင်းခိုးယူမှုများကျူးလွန်နေသော တောကြောင်များအနေဖြင့် ကိုယ့်လုပ်ရပ်ကို ကိုယ်ပြန်ဆန်းစစ်ကြရန်လိုအပ်ပြီး လူငယ်များ အိမ်နှင့်ဝေးရာတွင်တော်လှန်နေချိန် ကိုယ့်မြို့ကို ကာကွယ်ရမည့်အစား ပြည်သူကို မလုံမခြုံဖြစ်အောင် ဒုက္ခပေးနေခြင်းအား ရပ်တန်းကရပ်ရန် သတိပေးထားပြီး မလိုက်နာပါက အရေးယူမည်ဟု ထုတ်ပြန်ထားသည်။

israelnightclub
06/08/2022 at 9:09 မနက်
This is the perfect website for everyone who hopes to understand this topic. You realize so much its almost hard to argue with you (not that I actually would want toÖHaHa). You certainly put a new spin on a subject thats been discussed for decades. Great stuff, just great!