ကန်ပက်လက်မြို့နယ် ချင်းကာကွယ်ရေးတပ် (CDF) တပ်ရင်းမှ ကျဆုံးသွားသည့် သူရဲကောင်း ၇ဦးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ ငွေတိုက်စာချုပ် (Bond) ၇စောင် ဝယ်ယူလှူဒါန်းခဲ့ကြောင်း ကန်ပက်လက် CDFက ထုတ်ပြန်သည်။
အကြမ်းဖက်စစ်ကောင်စီတပ်နှင့်ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း ကန်ပက်လက် CDFမှ ရဲဘော်များဖြစ်သည့် ဆလိုင်းထန်းအွမ် (ဧပြီ ၂၂ရက်တွင် ကျဆုံးခဲ့) ၊ ဆလိုင်းမနားကွီး(ဇွန်လ ၂၇ရက်)၊ ဆလိုင်းစည်သူအောင် (၂၀၂၁ ဇန်နဝါရီ ၂၃)၊ ဆလိုင်း Ling Om (၂၀၂၁ စက်တင်ဘာ ၂၅ရက်)၊ ဆလိုင်း Aung Hone Mang (၂၀၂၁ စက်တင်ဘာ ၂၄ရက်)၊ ဆလိုင်း Ling Shwe (၂၀၂၁ မေလ ၃၀ရက်)၊ ဆလိုင်း Aung Ling (၂၀၂၁ မေလ ၃၀ရက်) တို့ တိုင်းပြည်နှင့် ပြည်သူအတွက် တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ရခြင်းဖြစ်သည်။
“ဒီသူရဲကောင်းရဲဘော် ၇ ဦးရဲ့ ကျန်ရစ်သူမိသားစုကို ကူညီစောင့်ရှောက်တဲ့အနေနဲ့ Chin Defence Force – Kanpetlet က”ဒို့ … နွေဦးသူရဲကောင်းအတွက် ငွေတိုက်စာချုပ်” အား ဝယ်ယူပြီးလှူဒါန်းပေးအပ် ဂုဏ်ပြုလိုက်ပါတယ်” ဟု ကန်ပက်လက် CDFက ထုတ်ပြန်သည်။
ပြည်သူများအနေဖြင့် နွေဦးသူရဲကောင်းများအား ရည်စူးပြီး ၎င်းတို့၏ ကျန်ရစ်သူမိသားစုအတွက် “ဒို့ … နွေဦးသူရဲကောင်းအတွက် ငွေတိုက်စာချုပ်”များကို ဆက်သွယ်ဝယ်ယူလှူဒါန်းပေးနိုင်ကြောင်းလည်း အသိပေးထားသည်။
