တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည့်အတွက် ယနေ့ ဇူလိုင် ၃၁ရက်မှစ၍ အင်းတော် – ဗန်းမောက် ကားလမ်းပိုင်းအား ရက်အကန့်သတ်မရှိ မည်သည့် ယာဥ်မှ အသုံးပြုသွားလာခြင်း မပြုကြရန် သတိပေး ထုတ်ပြန်လိုက်ကြောင်း Indaw Revolution က ဖော်ပြသည်။
ထုတ်ပြန်ချက်အပေါ် ပြည်သူများ လိုက်နာပေးကြရန်နှင့် လမ်းပြန်ဖွင့်သည့်အခါ ပြန်လည် အကြောင်း ကြားပေးမည်ဟု အသိပေးထားသည်။
ယမန်နေ့ (ဇူလိုင် ၃၀ရက်)က အင်းတော် – ဗန်းမောက်လမ်း အင်းတော်ဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် စစ်ကြောင်းကို ကချင်လွတ်လပ်ရေး တပ်မတော်(KIA)နှင့် ဒေသကာကွယ်ရေးတပ်(PDF) များက အင်းတော်အနီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။ အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ ၅ဦးထက် မနည်းသေဆုံးပြီးထိခိုက်ဒဏ်ရာရသူများ ရှိခဲ့သည်ဟု အသိပေးထားသည်။
