အကြမ်းဖက်စစ်ကောင်စီက ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူလေးဦးကို သေဒဏ်စီရင်ခဲ့မှုအပေါ် ကန့်ကွက်ရှုတ်ချကြောင်း တောင်ကိုရီးယားရောက် မြန်မာများက ယနေ့ဆန္ဒပြခဲ့ကြသည်။
အဆိုပါ ဆန္ဒပြပွဲသို့ ရာနှင့်ချီသော မြန်မာများက ဆိုးလ်မြို့ ဂွမ်ဟာမွန်းဘူတာရှေ့မှ စစ်ကောင်စီ လက်အောက်ခံ မြန်မာသံရုံးရှေ့အထိ လမ်းလျှောက်ချီတက်ခဲ့ကြပြီး ‘ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်၊ ဒီမိုကရေစီရရှိရေး ဒို့အရေး ဒို့အရေး၊ စစ်အာဏာရှင် ကျရှုံးရေး ဒို့အရေး ဒို့အရေး၊ အရေးတော်ပုံ အောင်ရမည်၊ မအေးလိုး မင်းအောင်လှိုင်၊ မင်းအောင်လှိုင် မအေလိုး’ စသည့် ကြွေးကြော်သံများကို ဟစ်ကြွေးခဲ့ကြသည်။




ဆန္ဒပြပွဲသို့ မြန်မာ့ဒီမိုကရေစီအရေးကို ထောက်ခံသည့် ကိုရီးယားအဖွဲ့အစည်းများလည်း ပူးပေါင်းပါဝင်ခဲ့ကြပြီး ဆန္ဒပြသူများက ကျဆုံးသူရဲကောင်းများအတွက် အနက်ရောင်ဝတ်စုံဆင်တူဝတ်ဆင်ကာ နှင်းဆီနီတစ်ပွင့်ကိုင်ဆောင်ချီတက်ခဲ့ကြသည်။
