လွိုင်ကော် – ဒီမော့ဆိုလမ်းမကြီးတစ်လျှောက်အကြမ်းဖက်စစ်ကောင်စီက စစ်ကြောင်းထိုးနေကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်း -၉က ထုတ်ပြန်သည်။
ယနေ့(ဇူလိုင် ၃၀ ရက်) ညနေပိုင်းကစ၍ အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ရေးအရလှုပ်ရှားနေ၍ ပြည်သူများအနေဖြင့်လည်း လမ်းမကြီးကို အသုံးမပြုရန် သတိပေးသည်။
“စစ်ကြောင်းက လတ်တလော ကင်းထောက်ရသလောက်ဆို နှစ်ကြောင်းရှိတယ်။အင်အားက တော့ စောင့်ကြည့်တုန်းပဲ”ဟု KNDF မှ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။
ထိုကဲ့သို့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာ ခြင်းမှာ လွိုင်ကော် – ဒီမော့ဆိုလမ်းမကြီးကိုပြန် လည်ထိန်းချုပ်ရန် ကြိုးပမ်းမှုအဖြစ် ၎င်းက ယူဆသည်။
ယခု ဖြစ်စဥ်မတိုင်မီကလည်း ကရင်နီပြည်နယ်ရှိ မိုးဗြဲမြို့ကို အကြမ်းဖက်စစ်တပ်က ထိန်းချုပ်ရန် ကြိုးပမ်းနေသည်။
ကရင်နီပြည်နယ်တွင် စစ်ကောင်စီတပ်သည် ၎င်းတို့ခြေကုတ်ထားသော စခန်းတွင် ခံတုတ်ကျင်းများဘန်ကာများအား ခိုင်ခန့်အောင်တည်ဆောက်ထားပြီး လက်နက်ခဲယမ်းတောင့်တင်းစွာဖြည့် တင်းလျက်ရှိကြောင်းလည်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်များက အသိပေးထားသည်။
