■အားလုံးပူးပေါင်းပါဝင်ရန်တိုက်တွန်း
တော်လှန်ရေးစိတ်ဓာတ်၊ ခွန်အားနှင့် ဇွဲကို ထုတ်ဖော်ဂုဏ်ပြုပွဲသို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး တက်ရောက်မည်ဖြစ်ပြီး ကမ္ဘာတဝန်းရှိ မြန်မာ့တော်လှန်ရေးအားပေးထောက်ခံသူများ ပူးပေါင်းပါဝင်ရန် တိုက်တွန်းထားသည်။
အဆိုပါ ‘တော်လှန်ရဲသူများ၏ မြန်မာပြည်’ ဂုဏ်ပြုပွဲတွင် အကြမ်းဖက်စစ်အုပ်စု၏ ဥပဒေမဲ့သတ် ဖြတ်ကွပ်မျက်ခဲ့သည့် သူရဲကောင်းလေးဦးကိုလည်း အမှတ်ရဂုဏ်ပြုမည်ဖြစ်ပြီး စစ်အုပ်စု၏ အဆိုပါကျူးလွန်မှုသည် လူသားမျိုးနွယ်ကိုဆန့်ကျင်သည့်ရာဇဝတ်မှု(Crime Aganist Humanity)ဖြစ်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah ကသတ်မှတ် သည်။

အဆိုပါ ဂုဏ်ပြုပွဲကို မြန်မာစံတော်ချိန် ယနေ့ည ၇ နာရီ၊ ထိုင်းနှင့် ကမ္ဘောဒီးယားစံတော်ချိန် ၇ ခွဲ၊ မလေးရှားစံတော်ချိန် ၈ ခွဲ၊ အမေရိကန်(နယူးယောက်)စံတော်ချိန် နံနက် ၈ ခွဲ၊ ဗြိတိန်(လန်ဒန်) စံတော်ချိန် မွန်းလွဲ ၁ ခွဲ၊ ဥရောပအလယ်ပိုင်းစံတော်ချိန် မွန်းလွဲ ၂ ခွဲတို့၌ FORSEA Youtube မှ တိုက်ရိုက်ထုတ်လွှင့်မည်ဖြစ်သည်။
အာဆီယံနိူင်ငံတစ်နိုင်ငံမှ နိူင်ငံခြားရေးဝန်ကြီးကိုယ်တိုင်မြန်မာ့ဒီမိုကရေစီအရေးအတွက် ပြုလုပ်သောအခမ်းအနားသို့တက်ရောက်ခြင်းမှာ သံတမန်လောကတွင်ထူးခြားသောဖြစ်ရပ်ဖြစ်ပြီး မလေးရှားနိူင်ငံခြားရေးဝန်ကြီး၏ မြန်မာပြည်သူများအပေါ် အလေးထားမှုမှာချီးကျူး အသိအမှတ်ပြုစရာဖြစ်ကြောင်းသံတမန်တစ်ဦးကပြောသည်။
