အကြမ်းဖက်စစ်ကောင်စီတပ်၏ စီရင်ခြင်းခံရသည့် ဦးဂျင်မီနှင့်လေးဦးအတွက် “ရောင်ပြန်စစ်ဆင် ရေး”အဖြစ် စစ်ကောင်စီနှင့် လက်အောက်ခံများအား နည်းပေါင်းစုံသုံးကာ တိုက်ခိုက်ချေမှုန်းသွား မည်ဖြစ်ကြောင်း နွေဦးတော်လှန်ရေး အင်အားစုများက ထုတ်ပြန်ကြေညာသည်။
ဒေသအသီးသီးရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့ပေါင်း ၂၀ပါဝင်သည့် နွေဦးတော်လှန်ရေးအင်အားစု များက ယနေ့(ဇူလိုင် ၂၉ရက်) ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့သည်။

ဇူလိုင် ၂၄ရက်တွင် ရန်သူဖက်ဆစ်တပ်၏ သူရဲဘောကြောင်စွာ ခိုးကြောင် ခိုးဝှက် သတ်ဖြတ်ခံရ သဖြင့် ကျဆုံးသွားသော အာဇာနည် ကိုကျော်မင်းယု (ခ)ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်(ခ)ကိုကျော်၊ ကိုလှမျိုးအောင်(ခ)ကိုဝက်ကြီး၊ ကိုအောင်သူရဇော်(ခ)ကိုဂတုံးတို့အတွက် တော်လှန်ရေး အင်အားစုများ အနေဖြင့် မိသားစုများ၊ တစ်နိုင်ငံလုံးရှိ ပြည်သူများနှင့်ထပ်တူ ဝမ်းနည်းကြေကွဲရ ကြောင်း၊ကျဆုံးသွားသော အာဇာနည်များအားတော်လှန်ရေးအင်အားစုက ဦးညွတ်အလေးပြု ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
မင်းအောင်လှိုင်ခေါင်းဆောင်သော ဖက်ဆစ်တပ်သည် မတရား အာဏာယူလုပြီး ပြည်သူလူထု အပေါ် လူ့အခွင့်အရေး အားလုံးချိုးဖောက်ကာ ဖမ်းဆီးနှိပ်စက် မီးရှို့သတ်ဖြတ်လာခဲ့သည်မှာ ယခုအခါတွင် ၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုဂျင်မီ၊ ပြည်သူလူထုမှ ရွေးကောက်တင်မြောက်ထားသော ပြည်သူ့ကိုယ်စားလှယ်တော်ဟောင်း ကိုဖြိုးဇေယျာသော် အပါဝင် လေးဦးအားသတ်ဖြတ်မှု ကျူးလွန်လိုက်ခြင်းမှာ အဖိနှိပ်ခံပြည်သူ လူထုတစ်ရပ်လုံးအား အဆုံးစွန် စော်ကားလိုက်ခြင်းပင်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ထို့ကြောင့် တော်လှန်ရေးအင်အားစုများအနေဖြင့် “ရောင်ပြန်စစ်ဆင်ရေး” ဆင်နွှဲကာ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နှင့်တကွ အပေါင်းအပါ စစ်ခေါင်းဆောင်များ၊ အဆင့်ဆင့် သောစစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ထောက်တိုင်များ၊ အုပ်ချုပ်ရေးမှူးများ၊ ပျူဒလန်များနှင့်
၎င်းတို့၏အကျိုးစီးပွားများ အားလုံးကို ရန်ငါစည်းပြတ်သားစွာဖြင့် နည်းပေါင်းစုံသုံးကာ တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်း အတိအလင်း ကြေညာလိုက်သည်ဟု ဖော်ပြသည်။
မြန်မာ့မြေပေါ်မှ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ပြီး တိုင်းရင်းသားအားလုံး တန်းတူညီမျှ အခွင့်အရေးတူတရားမျှတသည့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ထွန်းလာသည်အထိ မဆုတ်မနစ် ပြတ်သားစွာ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း အသက်ပေးလှူသွားကျသော အာဇာနည်သူရဲကောင်းအပေါင်းတို့အား တိုင်တည်၍ လေးနက်စွာကတိသစ္စာ ပြုကြောင်း ရေးသားထားသည်။
အထိုပါထုတ်ပြန်ချက်အား ပုသိမ်ကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Generation Z Power၊ Zero ပြောက်ကျားတပ်၊ Danger Force၊Ayardaw Bone Naing၊ Ayardaw Falcon Force၊ Middle Revolutionary Technical Front/MRTF၊ Burmese Revolutionary Army/BRA၊ Burmese Revolutionary Technical Front/BRTF၊ ဂဠုန်တပ်တော် ဒီပဲယင်း၊ ကျောက်လုံးကြီးKLGတပ်မဟာ၊Phoenix FGG၊ MDY Red Dragon၊ နတ်ဆိုးမြေအောက်တော်လှန်ရေးတပ်ဖွဲ့၊ YGN UG 47-သပြေညိုပြောက်ကျားတပ်ဖွဲ့၊ Monywa People Defence Force၊ Sayar San PDF၊ Burma Phoenix Organization/BPO၊ People Defence Force Kyaukmeစသည့်အဖွဲများက ပူးပေါင်းထုတ်ပြန်လိုက် ခြင်းဖြစ်သည်။
