စစ်တပ်အာဏာသိမ်းပြီးနောက် ဆက်လက်မလုပ်ကိုင်လိုတဲ့အတွက် နှုတ်ထွက်လို့ဖမ်းဆီးထားတဲ့ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဇေယျကို ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်တယ်လို့ တရားရုံးအသိုင်းအဝိုင်းကနေ စုံစမ်းသိရပါတယ်။
ဦးကျော်ဇေယျဟာ အာဏာသိမ်းပြီးနောက် နှုတ်ထွက်စာတင်ပြီး ရက်ပိုင်းအကြာမှာတင် ချမ်းအေးသာစံမြို့နယ် နေအိမ်မှာ ဖမ်းဆီးခံလိုက်ရတာပါ။
အဲဒီနောက် ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ)နဲ့ တရားစွဲခံရပြီး ဇူလိုင်လ ၂၀ ရက်မှာ ထောင်တွင်းတရားရုံး က ထောင် ၂ နှစ်ချလိုက်တာဖြစ်ပါတယ်။
မန္တလေးစည်ပင်ကော်မတီဝင်တွေဟာ အာဏာသိမ်းပြီးနောက် ဆက်လက်လုပ်ကိုင်လိုခြင်းမရှိတဲ့အတွက် နုတ်ထွက်လိုက်တာဖြစ်ပါတယ်။
