အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင် မတရားရယူထားသည့် အင်းလျားလမ်း အမှတ် ၁၄ အိမ်ကို အမျိုးသားညီညွတ်ရေးအစိုးရ( NUG)က လေလံတင်ရောင်းချနေရာဒေါ်လာ ၉ သန်းကျော်ဖိုးရောင်းချပြီးဖြစ်၍ရောင်းရန် အစုရှယ်ယာ ၉၀၀၀ကျော် (ဒေါ်လာကိုးသိန်ကျော်)သာကျန်ရှိတော့ကြောင်းအရောင်းကိုယ်စားလှယ်များကပြောသည်။
အာဏာသိမ်းခေါင်းဆောင်သိမ်းယူထားသောအိမ်ကို NUGက ဒေါ်လာ ၁၀သန်းတန်ဖိုးရှိ အစုရှယ်ယာ တစ်သိန်းကို မေ ၅ ရက်ကစတင်ထုတ်ရောင်းပြီး ယနေ့ အထိအစုရှယ်ယာပေါင်း ကိုးသောင်းကျော်ကို ရောင်းချပြီးဖြစ်သည်။

ဇူလိုင် ၂၇ ရက်တွင်ရောင်းရန်ကျန်နေသေးသည့် ရှယ်ယာ ၁၂,၀၀၀(တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁.၂ သန်း) ကို “14 Inya Final Call” အဖြစ် ဇူလိုင် ၂၇ မှ ဩဂုတ် ၅ ရက်နေ့ထိ NUGက ရောင်းချနေခြင်းဖြစ်သည်။
၁၀ ရက်အတွင်းအပြီးရောင်းချမည့် “14 Inya Final Call”ဒုတိယနေ့ မြန်မာအချိန်ည ၉ နာရီကျော်တွင် အစုရှယ်ယာ၉၈၀၀ ကျော်သာကျန်ရှိတော့ကြောင်းအရောင်းကိုယ်စားလှယ်အချို့ကပြောသည်။
“ဒီရှယ်ယာတွေက မကြာခင်ကုန်တော့မှာ”ဟု ရှယ်ယာရောင်းချပေးသည့် ကိုယ်စားလှယ်တစ်ဦးကပြောသည်။
အာဏာသိမ်းအကြမ်းဖက်ခေါင်းဆောင် နေအိမ်ကိုရောင်းချရသည့် ရန်ပုံငွေများ၏ ၉၅ ရာခိုင်နှုန်းကို ကာကွယ်ရေးဝန်ကြီးဌာနအတွက် အသုံးပြုမည်ဖြစ်ပြီး ကျန် ၅ ရာခိုင်နှုန်းကို အခြားနေရာများတွင် အသုံးပြုခဲ့သည်ဟုထုတ်ပြန်ထားသည်။
မင်းအောင်လှိုင်၏ အင်းလျားလမ်းအိမ်ရောင်ပြီးပါက မင်းအောင်လှိုင်၏ ကျန်နေအိမ်များ ၊ စီမံကိန်းများ၊အများပြည်သူနှင့် ဆိုင်သောစီမံကိန်းများ စတင်တော့မည်ဟု NUG၏ ရှယ်ယာရောင်းချရေးအဖွဲ့ EODထံမှသိရသည်။
