●ဒေါ်လာဈေး ၂၆၀၀ ဖြင့်ဈေးပိတ်သော်လည်းဈေးကွက်တွင် ၂၈၀၀ ကျပ်အထိပေး၍ဝယ်ယူမှုရှိပြီး ကြိုက်ရောင်းကြိုက်ဝယ်ဈေးကွက်ဖြစ်နေ
ပြည်တွင်ရွှေဈေးနှင့် ဒေါ်လာဈေး စံချိန်တင်မြင့်တက်လာပြီး တစ်ဒေါ်လာကို ၂၆၀၀ကျပ်နှင့် ရွှေတစ်ကျပ်သားကို ၂၃သိန်းကျော်အထိမြင့်တက်လာကြောင်းဈေးကွက်အတွင်းမှသိရသည်။
နိုင်ငံတစ်ဝန်းမှပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက စစ်ရေးအရှိန်မြင့်တင်မည်ဟု သတိပေးချက်ထုတ်ပြန်ပြီးနောက်ဇူလှိုင် ၂၆ ရက်တွင် ရွှေဈေးနှင့် ဒေါ်လာဈေး တရှိန်ထိုးမြင့်တက်လာခြင်းလာသည်ဟု လုပ်ငန်းရှင်များကပြောသည်။
မနက်ပိုင်းအဖွင့်ဈေူ အများဆုံးပေါက်ဈေးမှာ တစ်ဒေါ်လာကို ၂၄၈၀ကျပ်ဖြစ်ပြီး ညနေပိုင်းတွင် ၂၆oo ကျပ် အထိမြင့်တက်လာသည်ဟုဆိုသည်။
“မနက်က ၂၅၅၀ကျပ်နဲ့ အတင်းလာဝယ်တယ်။ အဲ့တာကိုမရောင်းချင်သေးလို့ မရောင်းလိုက်တာ ။ ညနေပိုင်းမှာ ဒေါ်လာက ကြိုက်ရောင်း ကြိုက်ဝယ် ပုံစံဖြစ်သွားတယ်”ဟု ဒေါ်လာရောင်းချရန် စီစဉ်ခဲ့သူတစ်ဦးကပြောသည်။
ကြိုက်ရောင်းကြိုက်ဝယ်ဈေးကွက်တွင်ဇူလိုင် ၂၆ရက်၌တစ်ဒေါ်လာလျှင် ၂၈၀၀ ကျပ်ပေး၍ ရသမျှဝယ်ယူသွားသူရှိကြောင်းလည်း ဈေးကွက်အတွင်းမှသိရသည်။
အလားတူရွှေဈေးကွက်တွင်လည်း စစ်ကောင်စီလက်အောက်ခံရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက ရွှေတစ်ကျပ်သားကို ၂,၀၆၀,၀၀၀ကျပ်ဈေးဖွင့်ထားသော်လည်း ပြင်ပဈေးကွက်တွင် ၂၃ သိန်း အထက်ဈေးရှိနေသည်ဟု ရွှေလုပ်ငန်းရှင်တစ်ဦးကပြောသည်။
စစ်ကောင်စီက ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူ လေး ဦးကို သေဒဏ်ပေးပြီးနောက် ဈေးကွက်အတွင်း ရွှေနှင့် ဒေါ်လာဝယ်ယူသူအလွန်များလာပြီးလုယက်ဝယ်ယူလာကြသည်ဟု လုပ်ငန်းရှင်တစ်ဦးကပြောသည်။ နိုင်ငံအတွင်းတိုက်ပွဲများပိုမိုပြင်းထန်လာတော့မည်ဟုတွက်ဆကာ ကျပ်ငွေအစားရွှေနှင့် ဒေါ်လာကိုင်ထားရန် ဝယ်ယူနေကြခြင်းဖြစ်သည်။
“ကျပ်ငွေတန်ဖိုးက တဖြေးဖြေးကျလာတော့ ရွှေနဲ့ ဒေါ်လာဝယ်တဲ့သူပိုများတာ။ နောက်ပိုင်း တစ်ဒေါ်လာကို ကျပ် ၃၀၀၀အထိကို ရက်ပိုင်းအတွင်းဖြစ်သွားနိုင်တယ်”ဟု အခြားရွှေလုပ်ငန်းရှင်တစ်ဦးကပြောသည်။
စစ်ကောင်စီအာဏာသိမ်းပြီးနောက် စစ်ကောင်စီနှသ့်ဘဏ်များအပေါ် ယုံကြည်မှုနည်းသဖြင့် ဘဏ်မှငွေများထုတ်ပြီး ရွှေ၊ဒေါ်လာနှင့်မြေများဝယ်ယူမှုများခဲ့ရာ ၂၀၂၁ စက်တင်ဘာလက ၁ ဒေါ်လာလျှင် ၂၈၀၀ ကျပ်အထိ့စံချိန်တင်ဈေးတက်ခဲ့ဖူးသည်။ ယခုအခါ စစ်ကောင်စီက ၁ ဒေါ်လာလျှင် ၁၈၅၀ သတ်မှတ်ထားသော်လည်း ယခင်စံချိန်တင်ဈေးနှုန်းအထိရောက်လာပြီဖြစ်သည်။
