မကွေးတိုင်း မြိုင်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ယနေ့တိုက်ပွဲ များဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦးသေဆုံးပြီး မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ရဲဘော်၂ဦးလည်း ကျဆုံးခဲ့ ကြောင်း မြိုင်ပကဖ ကသတင်းထုတ်ပြန်သည်။
ယနေ့ (ဇူလိုင် ၂၇ရက်)တွင်မြိုင်နယ်အရှေ့ဘက် မြိုင်ပကဖ ရဲဘော်များသည် စဘေရွာအနီးရှိရှေ့ကင်းထောက်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ဦးအား ပစ်ခတ်ခဲ့ကြောင်း၊ ဆိုင်ကယ်အသင့်စောင့်၍ မိုင်းပွိုင့်ခွဲ၍ ခြောက်လှန်ခဲ့ရာ စစ်ကောင်စီတပ်မှ ၁ဦးသေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။
ထို့အပြင်မြိုင်မြို့နယ်မြောက်ပိုင်းတွင်လည်းယနေ့စစ်ကောင်စီတပ်ကိုပြောက်ကျားနည်းဖြင့်တိုက်ခိုက်ရာစစ်ကောင်စီတပ်မှ ၃ဦးသေဆုံးကာ ဒဏ်ရာရသူများ ရှိခဲ့သည်ဟုသိရသည်။
အဆိုပါ တိုက်ပွဲများ၌ ပကဖ ရဲဘော် ၂ဦး ကျဆုံးခဲ့ကြောင်း မြိုင်ပကဖက သတင်းထုတ်ပြန်သည်။
တိုက်ပွဲများနေရာအများအပြားတွင်ဖြစ်လာ၍ ပြည်သူများ အနေဖြင့် တက်နိုင်သမျှ ကူညီကြရန်လည်း မြိုင်ပကဖက မေတ္တာရပ်ခံထားသည်။
