ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်ရှိ စစ်ကောင်စီလက်ဝေခံ ပျူစောထီးအဖွဲ့ဝင်တစ်ဦးကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ချိုးဖြူပြောက်ကျား တပ်ဖွဲ့ (JPGF)မှ ယနေ့(ဇူလိုင် ၂၇)တွင် ထုတ်ပြန်သည်။
ယမန်နေ့နံနက် ၆ နာရီ ၂၀ ခန့်က ပင်းတယမြို့နယ် မိုင်းအင်ကျေးရွာမှ စစ်ကောင်စီလက်ဝေခံ ပျူဆောထီးအဖွဲ့ဝင် ဦးစိုးလှဆိုသူ၏ ဦးခေါင်းအားပစ်ခတ်၍ ရှင်းလင်းခဲ့ကြောင်း ဖော်ပြသည်။
ပျူစောထီးအဖွဲ့ဝင် ဦးစိုးလှသည် အကြမ်းဖက်စစ်ကောင်စီတပ်နှင့်ပေါင်းကာ ကျေးရွာအတွင်းရှိ အပြစ်မဲ့ပြည်သူများအား မတရားဖမ်းဆီး စေခိုင်းခြင်းများ ကျူးလွန်နေသူဖြစ်ကြောင်း ထောက်ပြသည်။
ထို့အပြင် ဦးစိုးလှသည် ကိုယ်ပိုင်သေနတ်အတိုတစ်လက်ကိုင်ဆောင်ထားပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို စိန်ခေါ်ခဲ့သူဖြစ်ကြောင်း ဖော်ပြသည်။
အထက်ပါ ပျူစောထီးအဖွဲ့ဝင်အား ပစ်ခတ်ရှင်းလင်းခဲ့သည့် ဇူလိုင် ၂၆ ရက် နံနက် ၉ နာရီခန့်ကလည်း ချိုးဖြူပြောက်ကျားတပ်ဖွဲ့မှ ပင်းတယမြို့ ထွေအုပ်ရုံးကို ဗုံးပစ်တိုက်ခိုက်ခဲ့သော်လည်း Error ဖြစ်ပြီး ပေါက်ကွဲခြင်း မရှိခဲ့ပေ။
