မကွေးတိုင်း၊ ပခုက္ကူ – မြိုင်လမ်းမကြီးအား ယာယီပိတ်၍ အကြမ်းဖက်စစ်ကောင်စီတပ်အား ခုခံတိုက်ခိုက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့က ယနေ့ (ဇူလိုင်၂၇ရက်) သတိပေးကြေညာသည်။
အကြမ်းဖက်စစ်ကောင်စီတပ်သည် ပခုက္ကူ- မြိုင် လမ်းမကြီးတလျှောက်ရှိကျေးရွာများအား အင်အားများစွာဖြင့် စစ်ကြောင်းထိုး တိုက်ခိုက်၍ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူများအားဖမ်းဆီးနှိပ်စက်ခြင်းများ ပြုလုပ်နေသည်။
ထို့ကြောင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များအနေဖြင့် လက်ရှိအချိန်တွင် စစ်ရေးလိုအပ်ချက်အရ ပခုက္ကူ-မြိုင် လမ်းမကြီးအား ယာယီပိတ်ဆို့၍ အကြမ်းဖက်စစ်ကောင်စီတပ်အား ခုခံတိုက်ခိုက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြ သည်။
ပြည်သူများအနေဖြင့် စစ်ကြောင်းဖြတ်သန်းရာလမ်းကြောင်းများအား အထူးသတိပြုရှောင်ရှားကြရန်နှင့် ပြည်သူများ၏ ပူးပေါင်းကူညီဆောင်ရွက်မှုကို အရေးတကြီးလိုအပ်လျက်ရှိပါကြောင်း၊ ပြည်သူများအနေဖြင့် ယခုကြေညာချက်ထုတ်ပြန်သည့်အချိန်မှစ၍ နောက်ထပ်တစုံတရာ မထုတ်ပြန်မချင်း ပခုက္ကူ – မြိုင် လမ်းမကြီးအား ဖြတ်သန်းသွားလာခြင်း အသုံးပြုခြင်းမပြုလုပ်ကြရန် ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့က ထပ်မံသတိပေးသည်။
အလားတူ မကွေးတိုင်း၊ ပေါက်မြို့နယ် အရှေ့နှင့် အရှေ့တောင်ပိုင်း ဖြစ်သည့် ပေခုနှစ်ပင် -ပုသိမ် မုံရွာလမ်း၊ ယာကြီးပြင်ကျေး ပုသိမ်-မုံရွာ ဆိပ်ဖြူလမ်းပိုင်းအား မည်သည့်ယာဥ်အမျိုးအစားမှ ဖြတ်သန်းသွားလာခြင်း မပြုရန် ဒေသတွင်းPDFအဖွဲ့များက သတိပေးသည်။
သတိပေးတားမြစ်ချက်များ မလိုက်နာဘဲ ဖြတ်သန်းသွားလာပါက ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များမှ လုံးဝ တာဝန်ယူဖြေရှင်းပေးမည်မဟုတ် ကြောင်း ဒေသတွင်းအဖွဲ့များက သတ်ိပေးထားသည်။
