တန့်ဆည်မြို့နယ် အက်ုက္ကားကျေးရွာသို့ အင်အားတိုးလာသော စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များကြား ယမန်နေ့ညပိုင်းက အပြန်အလှန်ပစ်ခတ်မှု မိနစ် ၂၀ကြာ ဖြစ်ပွားခဲ့ကြောင်း ရွှေဘိုခရိုင်တပ်ရင်း(၈)၊ တပ်ခွဲ(၁) Guerrilla Warfare K.P.K က ယနေ့(ဇူလိုင် ၂၇) ထုတ်ပြန်သည်။
ယမန်နေ့ (ဇူလိုင် ၂၆)ည ၁၁ နာရီခွဲခန့်တွင် အက်ုက္ကားရွာသို့ အင်အားတိုးလာသော စစ်ကောင်စီတပ်မှ အင်အား ၁၅၀ခန့်ကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။
အဆိုပါတိုက်ခိုက်မှုတွင် နှစ်ဖက်လက်နက်ကြီးများဖြင့် အပြန်အလှန်ပစ်ခတ်ခဲ့ကြပြီး မိနစ် ၂၀ ကြာဖြစ်ပွားပြီး စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးများနိုင်သော်လည်း အတိအကျ မသိရသေးကြောင်း ထုတ်ပြန်ချက်က ဆိုသည်။
နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှုနှင့်ပတ်သက်ပြီး ရုပ်သံမှတ်တမ်းများအား လတ်တလော အက်တာနက်ဖြတ်တောက်ခံထားရခြင်းကြောင့် ထုတ်ပြန်နိုင်ခြင်းမရှိသေးကြောင်းလည်း ရွှေဘိုခရိုင် တပ်ရင်း (၈)၊ တပ်ခွဲ (၁)မှ အသိပေးသည်။
ဇူလိုင် ၂၁ ရက်ကလည်း အက်ုက္ကားရွာ၌တပ်စွဲထားသော စစ်ကောင်စီတပ်နှင့် ပျူဆောထီးများ လှည့်ကင်းထွက်လာစဥ် ကျွန်းတောက်အနောက်ဘက်၌ ပဒေသာမိုင်းခြောက်လုံးဖြင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များက ဖောက်ခွဲတိုက်ခိုက်ခဲ့သည်။
အဆိုပါတိုက်ပွဲတွင် အပြန်အလှန်ပစ်ခတ်မှု ၁၀ မိနစ်ခန့်ဖြစ်ပွားပြီး စစ်ကောင်စီတပ်ဘက်မှ သုံးဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရရှိသွားခဲ့သေးသည်။
