စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင်ယနေ့နံနက်ပိုင်းမှစတင်ကာ ဖြတ်သန်းသွားလာခြင်းမပြုကြရန် ဒေသတွင်း Moe Nyo Revolution Force ကအသိပေးကြေညာသည်။
ယနေ့ (ဇူလိုင်လ၂၇ရက်)နံနက်၉နာရီမှနောက်ထပ်ကြေညာချက် မထုတ်ပြန်မီအထိ စစ်ကိုင်း-မြင်းမူ-မုံရွာလမ်းပိုင်း(မုံရွာ-မန္တလေးလမ်း)အား လုံးဝအသုံးမပြုလုပ်ရန် MoeNyo Revolution Force က အသိပေးသည်။
အဆိုပါအချိန်အတွင်း သွားလာခြင်းများကြောင့် တစ်စုံရာထိခိုက်ခြင်းများဖြစ်ပေါ်လာပါက တာဝန်ယူနိုင်မည်မဟုတ်ကြောင်းပြင်းပြင်းထန်ထန် အသိပေးအပ်ပါသည်ဟု Moe Nyo Revolution Force ကဆိုသည်။
မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင်အကြမ်းဖက်စစ်ကောင်စီယာဥ်များအား မကြာခဏမိုင်းဆွဲတိုက်ခိုက်နေပြီး ထိုလမ်းပိုင်း၌ ပြီးခဲ့သည့်ဇူလိုင်လ၂၅ရက်နေ့တစ်ရက်တည်း အကြမ်းဖက်စစ်တပ်ယာဥ်များ ခြောက်ကြိမ်ထက်မနည်း တိုက်ခိုက်ခံခဲ့ရသည်။
