ချင်းပြည်နယ် မတူပီမြို့ လေမျိုချောင်းတံ တားအနီးတိုက်ပွဲတွင် စစ်ကောင်စီ တပ်သား ငါးဦးသေ ဆုံးပြီး လေးဦး ဒဏ်ရာရရှိခဲ့စည်ဟု CDF(မတူပီ)က သတင်းထုတ်ပြန်သည်။
အဆိုပါ တိုက်ပွဲသည် ယနေ့(ဇူလှိုင် ၂၅ ရက်) နံနက် ၁၁နာရီခန့်တွင် တိုက်ပွဲဖြစ် ပွားခဲ့ခြင်းဖြစ်ပြီး CDF(မတူပီ)ဘက်မှ အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့သည်ဟု ဖော်ပြသည်။
CDF(မတူပီ) လှုပ်ရှားနယ်မြေအတွင်း တိုက်ပွဲများဆက်လက်ဖြစ်ပွားနိုင်သေး သည်ဟုလည်း ထုတ်ပြန်ထားသည်။
ထို့အတူ စစ်ကောင်စီတပ်နှင့် ရဲန်ခဲန်းကျေးရွာ- အမ်းလိုင်းကျေးရွာကြားတွင် လည်း ယမန့်နေ့က တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်မှ အရာခံဗိုလ်အပါအဝင် စစ်ကောင်စီတပ်သား သုံးဦးသေဆုံးခဲ့သည်ဟု CDF(မတူပီ)က ထုတ်ပြန်သည်။
“စကစတွေ ဘတ်ဟိုးနဲ့ အင်အား ၁၁ယောက်လောက်နဲ့ လမ်းရှင်းဖို့လာတာပေါ့။ အဲ့မှာ ကျွန်တော် တို့ လူတွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်တာပါ”ဟု CDF(မတူပီ) တာဝန်ရှိသူတစ်ဦးက ပြောသည်။
လက်ရှိတွင်လည်း မတူပီမြို့နယ်အတွင်း တိုက်ပွဲများပြင်းထန်နေပြီး စစ်ရေးအခြေအနေကို စောင့်ကြည့်နေဆဲဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။
မတူပီမြို့နယ်တွင်း စစ်ကောင်စီတပ်နှင့် ချင်းပြည်ကာကွယ်ရေးတပ်တို့ကြား ဇူလိုင် ၆ ရက်ကတ ည်းက တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်သည်။
