ရန်ကုန်မြို့တော်ခန်းမရှေ့၌ လအတော်ကြာတပ်စွဲထားသည့် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင် များ ယနေ့ မတွေ့ရတော့ဘဲ ရုတ်သိမ်းထားသည်ကို တွေ့ရသည်။
ယခင်က စစ်ကားသုံးလေးစီးခန့်နှင့် သဲအိတ်အကာအရံများကြား၌ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ အချိန်ပြည့်ရှိနေသော်လည်း ယနေ့တွင် မတွေ့ရပေ။




စစ်ကောင်စီတပ်ဖွဲ့ဝင်သည် ပြီးခဲ့သည့်နှစ်အတွင်းက လအတော်ကြာ မြို့တော်ခန်းမရှေ့ကို မည်သည့်ယာဉ်မှဖြတ်သန်းခွင့်မပေးဘဲ ပိတ်ထားခဲ့ပြီး ယင်းနေရာ၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များက တပ်စွဲထားခြင်းဖြစ်သည်။
သို့သော် စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုသာ မတွေ့ရခြင်းဖြစ်ပြီး လမ်းပေါ်၌ ကာရံထားသည့်အတားအဆီးများမှာ လက်ရှိအချိန်အထိ ပိတ်ထားဆဲဖြစ်သည်။
ဓာတ်ပုံ – People’s Spring
