●ဒေသခံများ ဘေးလွတ်ရာကြိုရှောင်ကြရန် မြိုင်တော်လှန်ရေးအင်အားစုသတိပေး
မကွေးတိုင်း မြိုင်မြို့နယ် အနောက်မြောက်ပိုင်းကိုစစ်ကောင်စီတပ်ကစစ်ကြောင်းသုံးကြောင်းခွဲဝင်ရောက်နေပြီးကျေးရွာများအား ဝင်ရောက်ဖျက်ဆီးသည့်အပြင် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုများလည်း လုပ် ဆောင်နေကြောင်း မြိုင်တော်လှန်ရေးအင်အားစုက ယနေ့(ဇူလိုင် ၂၃)တွင်အသိ
ပေးထုတ်ပြန်သည်။
အဆိုပါစစ်ကြောင်းများမှစစ်ကြောင်းတစ်ကြောင်းသည်ယမန်နေ့(ဇူလိုင် ၂၂)က ကျောက်ကန်ကျေးရွာသို့ ရောက်ရှိလာပြီး နေအိမ်များအား မီးရှို့ဖျက်ဆီးသွားရာထိခိုက်ပျက်ဆီးမှုအခြေအနေအသေးစိပ်အား မသိရသေးဟုဆိုသည်။
ထို့အပြင် သီတင်းပင်ရွာသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ဝင်ရောက်ခဲ့သောကြောင့် ပြည်သူတစ်ဦး ကျည်ထိခဲ့ပြီး ဆက်သွယ်ရေးအခက်အခဲ့ကြောင့် ထိခိုက်ဒဏ်ရာရခဲ့သောပြည်သူမှာ အများသား၊ အမျိုးသမီး အတိအကျမသိရသေးကြောင်း ဖော်ပြသည်။

“ဖုန်းလိုင်းအခက်အခဲကြောင့် ကျေးရွာဘယ်နှစ်ရွာဆိုတာ အတိကျ မသိရသေးပါဘူး။ ဧရိယာပြင်ပချည်းပါ။ အဲဘက်နယ် ဆက်ကြည့်သမျှကတော့။ အရင်ကတည်းက ဖုန်းလိုင်းက ခနခနလည်း ဖြတ်ခံရပါတယ်”ဟု မြိုင် တော်လှန်ရေးအင်အားစုမှ ရဲဘော်တစ်ဦးက ပြောသည်။
မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော စစ်ကောင် စီတပ်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များကြား ထိတွေ့တိုက်ပွဲများလည်းရှိနေပြီး စစ်ရေးအခြေအနေနှင့်ပတ် သက်၍ တိုက်ခိုက်ရေးအဖွဲ့အစည်းက တရားဝင်ထုတ်ပြန်ခြင်းမရှိသေး၍ အသေးစိပ်ပြောပြရန် အဆင်မပြေသေးကြောင်း ၎င်းရဲဘော်က ဆက်ပြောသည်။
လက်ရှိအခြေအနေတွင် အကြမ်းဖက်စစ်ကောင်စီတပ်စစ်ကြောင်းများသည် ချောင်းဆုံကြီးကျေးရွာ ဘုန်းကြီးကန်အနောက် ရွာသာအေးကျေးရွာနှင့် ကျောက်ကန်ကျေးရွာအနီးပတ်ဝန်းကျင်သို့ ရောက်ရှိနေပြီး ပြည်သူများ သတိပြုရှောင်တိမ်းကြရန် အသိပေးသည်။
အကြမ်းဖက်စစ်ကောင်စီတပ်သည် မကွေးတိုင်းအတွင်း မြိုင်မြို့နယ်အပြင် ဂန့်ဂေါ၊ ကျောနှင့် ထီးလင်းစသည့် ယောဒေသသို့ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေသည့်အပြင် ဆက်သွယ်ရေးဖုန်းလိုင်းများဖြတ်တောက်ကာ လေကြောင်းပစ်ကူများပါ အသုံးပြုနေကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။

💜 Whitney want to play with you! Start Game: https://letsg0dancing.page.link/go?hs=7fbeddbd6767eb457d0cb3f2a316e00e& 💜
23/07/2022 at 7:54 ညနေ
ve2xmf