ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ် အောင်မင်္ဂလာအဝေးပြေးကားဝင်းရှေ့ရှိ စစ်ထောက်လှမ်းရေးတပ်၏ စစ်ဆေးရေးဂိတ်ပေါက် နှစ်ခုကို ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Silver Coin မြောက်ဥက္ကလာပသမိုင်း မရိုင်းစေချင်သူများ လူငယ်အဖွဲ့က သတင်းထုတ်ပြန်သည်။
ဇူလိုင် ၁၇ ရက် ညနေ ၅နာရီ ၂၀ မိနစ်ခန့်တွင် အမှတ်(၃) လမ်းဆုံ အပေါက်ဝနှင့် အလယ်အပေါက်ဝရှိ စစ်ဆေးရေးဂိတ်ပေါက်များကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“ပွဲကရာတွင် Taxi အငှားယဥ်များ ပြည်သူများအား မထိခိုက်အောင် ရှောင်ရှားနေခဲ့ရပါသည်။
တော်လှန်ရေးအရှိန်မြှင့်တင်နေပီဖြစ်သောကြောင့် ပြည်သူများအနေဖြင့် စစ်ခွေးတပ်ချရာနေရာများနှင့် ၎င်းတို့နှင့် နီးစပ်ရာ ပတ်ဝန်းကျင်များအား ရှောင်ရှားသွားလာနေထိုင်ကြရန် ထပ်မံအသိပေးအပ်ပါသည်။”ဟု ထုတ်ပြန်ထားသည်။
ယင်းစစ်ဆင်ရေးအတွက် ACPLF Ranger အဖွဲ့၏ ကူညီပံ့ပိုးခဲ့ပြီး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာလာနိုင်ကြောင်း Silver Coin မြောက်ဥက္ကလာပသမိုင်း မရိုင်းစေချင်သူများ လူငယ်အဖွဲ့ က အသိပေးထားသည်။
