ဥကရစ်ထစခန်းသိမ်းတိုက်ပွဲအတွင်းစစ်ကောင်စီတပ်၏အားကိုးရသောစက်လက်သမား၃ဦးသေဆုံးခဲ့ကြောင်းစစ်ကောင်စီတပ်ကိုတိုက်ခိုက်နေသောVENOM စစ်ကြောင်းကယနေ့ညသတင်းထုတ်ပြန်သည်။
“ဥကရစ်ထတိုက်ပွဲအတွင်းစခ (စကစ)၏အားကိုးအားထားရသောစက်လက်သမား၃ယောက်ကျဆုံးသွားခဲ့သည်။
VENOMစစ်ကြောင်းမှူးစောဝင်းမြင့်၏ Sniperလက်ချက်ဖြင့် ယခုပုံပါစက်လက်သမားနှင့်အတူနောက်ဆက်တွဲ၂ ယောက်သည်လည်းဘဝပြောင်းသွားခဲ့ရှာသည်”ဟုသတင်းဓါတ်ပုံနှင့်တစ်ကွဖော်ပြထားသည်။
အဆိုပါဓါတ်ပုံတွင် စစ်ကောင်စီ၏စက်လက်သေနတ်သမားတစ်ဦးပုံဖြစ်ပြီး စစ်တပ်ဝါဒဖြန့် အကောင့်များက ၎င်းသည် ဥကရစ်ထစခန်းသိမ်းတိုက်ပွဲတွင် ဒဏ်ရာရရှိလျှက်ကြံ့ကြံ့ခံတိုက်ရင်း စစ်ကူများရောက်ချိန်မှ စိတ်ချသွားဟန်ဖြင့်သေဆုံးခဲ့သည်ဟုဖွဲ့နွဲ့ရေးသားကာယနေ့ဝါဒဖြန့်ချီနေသည်ကိုတွေ့ရသည်။
“ဒရမ်မာ ခင်းတာ အရမ်းများသွားပြီ။ အဲ့—က ဘန်ကာအဝင် မြောင်းထဲမှာ ပတ်လက်ကြီး၊ တိတိကျကျ ပြောရရင်ကွာမြေကြီးတွေတောင်ဖုံးနေပြီ။ ညာဘက်လက်က ကွေးကွေးလေးကွာ၊ ပါးစပ်လေး ဟ လို့။ ဆယ်မိနစ်လောက်ကြာမှ ဘန်ကာအထဲ ဆွဲသွင်းသွားတာကွာ”ဟုအဆိုပါစစ်ကောင်စီ၏စက်လက်သမားသေဆုံးခဲ့ပုံကို PDF တစ်ဦးကလည်းဖေစ်ဘွခ်တွင်ရေးသားထားသည်။
မြ၀တီမြို့နယ် ဝေါ်လေဒေသရှိ ဥကရစ်ထ စစ်ကောင်စီတပ်စခန်းကို ကရင်အမျိုးသားအစည်းအရုံး(KNU) ဦးဆောင်သည့် ပူးပေါင်းတပ်များကစခန်းသိမ်းနိုင်ရန် ဇွန်လ ၂၆ရက်မှ ယနေ့(ဇူလိုင်၃)အထိ့ ၈ ရက်ကြာနေ့စဉ်တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားနေသည်။စစ်ကောင်စီတပ် အထိနာပြီးစခန်းသိမ်းယူနိုင်ကာနီးတွင် လေကြောင်းနှင့်လက်နက်ကြီးပစ်ကူများဖြင့်အကြိမ်ရေများစွာပစ်ခတ်သလို ၊စစ်ကူများထပ်မံရောက်ရှိလာ၍ KNLAဦးဆောင်သောKNDO ၊ PDF ပူးပေါင်းတပ်များက စစ်ကူလမ်းကြောင်းများကိုလည်းဖြတ်တောက်တိုက်ခိုက်နေသည်။VENOM စစ်ကြောင်းမှာလည်း ၊ကော်ဘရာစစ်ကြောင်းကဲ့သို့ KNLA လက်အောက်ရှိအထူးကွန်မန်ဒိုစစ်ကြောင်းဖြစ်ပြီး VENOM ရော၊ကော်ဘရာစစ်ကြောင်းပါဥကရစ်ထစခန်းတွင်စစ်ကောင်စီတပ်ကိုတိုက်ခိုက်နေသည်။
စခန်းသိမ်တိုက်ပွဲတွင် KNLA ဦးဆောင်သောတပ်ဖွဲ့များမှ ၁၀ ဦးကျော်ကျဆုံးပြီး ဒဏ်ရာရသူများလည်းရှိကာ စစ်ကူများဆက်တိုက်စေလွှတ်နေသောစစ်ကောင်စီတပ်မှ ၁၀၀ နှင့် ၂၀၀ ကြားသေဆုံးပြီး ဒဏ်ရာရသူအများအပြားရှိကြောင်း မြေပြင်သတင်းရင်းမြစ်အချို့ကပြောသည်။
