ပဲခူးတိုင်း အုတ်ဖိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)မှ တပ်ဖွဲ့ဝင် လေးဦး အလင်းဝင်လာသည်ဟု စစ်ကောင်စီက လိမ်လည်ဝါဒဖြန့်နေကြောင်း အုတ်ဖို PDFက ယနေ့ ထုတ်ပြန်သည်။
စစ်ကောင်စီက ပြည်သူများ ထင်ယောင်ထင်မှားဖြစ်စေရန် ၎င်းတို့၏ ဝါဒဖြန့် သတင်းမီဒီယာများ၌ ရေးသားဖော်ပြနေခြင်းဖြစ်ကြောင်း၊ အုတ်ဖို PDF ဆိုသူများမှာ တရားရုံးမှ ပုဒ်မ (၅၀၅) ဖြင့် ဖမ်းဆီးရန် ထုတ်ပြန်ထားသူများ ဖြစ်ပြီး အိုဖိုမြို့နယ် PDF တပ်ဖွဲ့ဝင်များ မဟုတ်ကြောင်း ဖော်ပြထားသည်။
အုတ်ဖို PDF များအနေဖြင့် အမှတ်ရားဘက်မှ ရပ်တည် ၍ ပြည်သူများ၏ အသက်အိုးအိမ်၊စည်းစိမ်ကို ကာကွယ်စောင့်ရှောက်မည်ဖြစ်ပြီး စစ်အာဏာရှင် အမြစ်ပြတ်သည့်တိုင် အဆုံးထိ တိုက်ပွဲဝင်သွားမည့်သူများ ဖြစ် သည်ဟု ထုတ်ပြန်သည်။ မည်သည့်အခါမှ စစ်အာဏာ ရှင်အောက် ဒူးထောက်အညံ့ခံမည် မဟုတ်ကြောင်း လည်း အသိပေးထားသည်။
အုတ်ဖို PDFကို ၂၀၂၁ ဇူလိုင်က ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီနှင့် ပတ်သက်သူအချို့ကို ပစ်မှတ်ထား တိုက်ခိုက်မှုများ ဆောင်ရွက်ခဲ့ရာ မတ်လ အတွင်းက အုတ်ဖို မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ (မြို့နယ် စစ်ကောင်စီ အဖွဲ့ဝင်) ခင်မောင်ဝင်းအား ရှင်းလင်းခဲ့သည်ဟု ထုတ်ပြန်ထားသည်။
