ရန်ကုန်တိုင်းရှိ ဥက္ကံ PDFသည် ယခုထက်ပိုပြီး ရှေ့ဆက်လုပ်ဆောင်ရမည့် စစ်ရေးတိုက်ခိုက်မှုများအတွက် လိုအပ်သည်များကို အကြွေးဖြင့်ဝယ်ယူထားရကြောင်း ယနေ့(ဇူလိုင် ၁)အသိပေးထုတ်ပြန်သည်။
မြို့နေပြည်သူများအား ငဲ့ညှာသည့်အနေဖြင့် မြို့တွင်းMissionများကို မလုပ်ဆောင်ဖြစ်သေးခြင်းဖြစ်ကြောင်းကိုလည်း ၎င်းတို့က အသိပေးသည်။
လက်ရှိတွင် လိုအပ်သည်များကို အကြွေးနှင့်ဝယ်ယူပြီးဖြစ်သည့်အတွက် လွတ်လပ်မှုကိုလိုလားသော ပြည်သူများအနေဖြင့် တတ်နိုင်သည့်ဘက်မှ ကူညီအားဖြည့်ပေးကြရန် တိုက်တွန်းသည်။
OAKKAN PDF သည် ပြည်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်ရင်း (၃၆၀၂)၊ တပ်ခွဲ (၅) တပ်စု – ၃ မှဖြစ်ပြီး NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံတပ်ဖွဲ့တစ်ခု ဖြစ်သည်။
