▪️နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးရန် တောင်းဆို
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အကျဉ်းထောင်သို့ ပို့ ဆောင်ခြင်းသည် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုအလားအလာကို ပိုမိုနောက် ဆုတ်သွားပြီး နိုင်ငံရေးအကျဉ်းသားများအားလုံးကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးရန် ပြင်သစ်က ယမန်နေ့တွင် ထုတ်ပြန်သည်။
ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်မှ အကျဉ်းထောင်သို့ ပို့ဆောင်ရန် စစ်ကောင်စီ၏ ဆုံးဖြတ် ချက်အပေါ် ပြင်သစ်က စိုးရိမ်ကြောင်းနှင့် စစ်ကောင်စီ ၏ဆုံးဖြတ်ချက်သည် ပါဝင်ထိုက်သူ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံတကာတောင်းဆိုထားသော နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးရေးအလားအလာကို ပိုမိုနောက်ဆုတ်သွားစေကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြ သည်။
ထို့အပြင် မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်များလုပ်ဆောင်နေသည့် အကြမ်းဖက်လုပ်ရပ်များကိုလည်း ခြွင်းချက်မရှိ အဆုံးသတ်ရန် ပြင်သစ် ဥရောပနှင့် နိုင်ငံခြားရေးဝန်ကြီး ဌာနက ထုတ်ပြန်သည်။
