မုံရွာခရိုင်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်အား ရှင်းလင်းပြီးအပြန်တွင် ပစ်ခတ်မှုထပ်မံဖြစ်ပွား၍ အဖွဲ့ဝင် ဗိုလ်လရောင်ကျဆုံးခဲ့ကြောင်း မကွေးတိုင်းအခြေစိုက် ဝံပုလွေပြောက်ကျားတပ်ဖွဲ့ (မြိုင်)က သတင်းထုတ်ပြန်သည်။
ဇွန်လ ၁၉ ရက်နံနက်၇နာရီခန့်က ဝံပုလွေပြောက်ကျားတပ်ဖွဲ့(မြိုင်)၏ ဗိုလ်လရောင် ဦးဆောင်သောအဖွဲ့သည် စစ်ကိုင်းတိုင်း မုံရွာမြို့ ၊ ကျောက္ကာလမ်းရှိ ရွှေအိမ်နန်းတည်းခိုခန်းအနီးတွင် စစ်ကောင်စီခန့် မုံရွာခရိုင်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် သန်းဇော်ထွန်းဆိုသူအား ပစ်ခတ် ရှင်းလင်းခဲ့ကြောင်း ဝံပုလွေပြောက်ကျားတပ်ဖွဲ့ (မြိုင်)က အသိပေးသည်။

၎င်း သန်းဇော်ထွန်းအား ပစ်ခတ်ရှင်းလင်းပြီး ပြန်လည်ဆုတ်ခွာလာသော ရဲဘော်များသည် နံနက် ၈နာရီခန့်တွင် မုံရွာမြို့၊ ချမ်းမြဝတီရပ်ကွက် ဗန္ဓုလလမ်း ရေကူးကန်အနီးတွင် စစ်ကောင် စီတပ်ဖွဲ့များနှင့် အပြန်အလှန် ပစ်ခတ်မှုထပ်မံဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ ဒုရဲအုပ်တစ်ဦးအပါအဝင် ရဲနှစ်ဦး၊ စုစုပေါင်း ရဲသုံးဦးခန့်သေဆုံးခဲ့သည်ဟု ဆိုသည်။
ဝံပုလွေပြောက်ကျားတပ်ဖွဲ့(မြိုင်)မှ ဗိုလ်လရောင် ကျည်ဆံထိမှန် ကျဆုံးခဲ့ရပြီး ပစ္စတိုနှစ်လက်နှင့် ကျည်အချို့ အပါအဝင် ဆိုင်ကယ်(CZI)တစ်စီး ဆုံးရှုံးခဲ့ရသည်ဟု ဝံပုလွေပြောက်ကျားတပ်ဖွဲ့ (မြိုင်)က ဆိုသည်။
ကျဆုံးသွားသော ဗိုလ်လရောင်အား အလေးနီပြုဂုဏ်ပြုရင်း မပြီးပြတ်သေးသော တော်လှန်ရေးလုပ်ငန်းများကို ပြီးဆုံးသည်ထိ ကျွန်ုပ်တို့ ဆက်လက်တိုက် ပွဲဝင်သွားပါမည်ဟု ကတိသစ္စာပြုကြောင်း၊ အခြေအနေအကြောင်းကြောင်းကြောင့် သတင်းထုတ်ပြန်ခြင်းနောက်ကျရခြင်းဖြစ်ကြောင်း ဝံပုလွေပြောက်ကျားတပ်ဖွဲ့(မြိုင်)က အသိပေးသည်။
စီမံကောင်စီရှင်းလင်းခံရခြင်းနှင့်ပတ်သက်၍ မုံရွာမြို့မှရှေ့နေတစ်ဦးကို အကြမ်းဖက်စစ်တပ်က ဖမ်းဆီးထားသည်။
