စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်အတွင်း ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများကို ယမန်နေ့က မီးရှို့ဖျက်ဆီးခဲ့ကြောင်း Kawlin Revolutionက သတင်းဖော်ပြသည်။
မူးယစ်ဆေးဝါး ထည့်ထားသည့် ခွက်ပေါင်း ၁၂၈ခွက်အား ဇွန်လ ၂၁ရက်က မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။



အမျိုးသားညီညွတ်ရေးအစိုးရက ဖွဲ့စည်းထားသည့် ကောလင်းမြို့နယ်ရှိ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)၊ ပြည်သူလုံခြုံရေးအဖွဲ့(ပလဖ)၊ ပြည်သူ့ကာကွယ်ရေးတပ်(PDF) တို့ ပူးပေါင်းပြီး မူးယစ်ဆေးဝါးများကို အများပြည်သူရှေ့တွင် မီးရှို့ဖျက်ဆီးခဲသည်ဟု ဖော်ပြထားသည်။
