စစ်ကိုင်းတိုင်းတွင် နယ်လှည့်မီးရှို့နေသောစစ်ကောင်စီတပ်ကိုတိုက်ခိုက်ရန် ဖွဲ့စည်းမည့် အထူးတပ်ဖွဲ့အတွက်လက်နက်တပ်ဆင်ရန် ပြည်သူလူထုထံမှ အမေရိကန်ဒေါ်လာလေးသိန်းခွဲအလှူခံထားရာ ယခုအခါဒေါ်လာနှစ်သိန်းရရှိပြီဖြစ်ပြီးဒေါ်လာနှစ်သိန်းခွဲခန့်လိုအပ်နေသေးကြောင်း ဗိုလ်နဂါးက People’s Spring သို့ပြောသည်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အင်အား ၁၀၀နှင့် ၁၅၀အထိ ပါဝင်ဖွဲ့စည်းမည့် အထူးတပ်ဖွဲ့ကို ဖွဲ့စည်းရန် မြန်မာ့တော်ဝင်နဂါးတပ်တော်ဦးဆောင်သူ ဗိုလ်နဂါးက စီစဥ်နေပြီး လိုအပ်သော စစ်လက်နက်ပစ္စည်းများနှင့် ယူနီဖောင်းများအတွက် အမေရိကန်ဒေါ်လာလေးသိန်းခွဲ လိုအပ်နေသည်ဟု ဗိုလ်နဂါးက ဇွန်လဆန်းတွင် သတင်းထုတ်ပြန်ခဲ့သည်။

မူလက ၎င်းထံတွင် ဒေါ်လာနှစ်သိန်းခွဲရှိနေ၍ အရေးပေါ်လိုအပ်ငွေမှာ ဒေါ်လာနှစ်သိန်းခွဲဟု ဗိုလ်နဂါးက သတင်းမီဒီယာအချို့တွင် ပြောကြားခဲ့ဖူးသည်။ သို့သော် ယခင်ကမှာယူထားသည့် လက်နက်ကြီးအမျိုးအစားတစ်ခုသည် ယခုရက်ပိုင်းအတင်း ရောက်ရှိလာ၍ ငွေချေလိုက်ရသောကြောင့် ငွေအပိုမရှိတော့သဖြင့် ပြည်သူလူထု၏ လှူဒါန်းမှုကို ထပ်မံလိုအပ်နေကြောင်း ဗိုလ်နဂါးက ရှင်းပြသည်။
” ကျွန်တော့်မှာ ဒေါ်လာနှစ်သိန်းခွဲလောက် မူလက ရှိခဲ့တယ်။ လက်နက်မှာပြီး စောင့်နေတဲ့ကာလမှာ တပ်ရင်းအသုံးစရိတ်တွေ၊ ကျည်တို့ လက်နက်ငယ်တို့ ဖြည့်ဝယ်တာမျိုးတွေ၊ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍတွေနဲ့ အခြားတပ်ဖွဲ့ငယ်တွေကို တစ်ဆယ်၊ နှစ်ဆယ်(သိန်း)စသည်ဖြင့် မျှပေးရင်းနဲ့ ကျွန်တော် စာရင်းပြန်စစ်တဲ့အခါ တစ်သိန်းကျော်လောက်ပဲကျန်တယ်။ ဖြစ်ချင်တော့ အထူးတပ်ဖွဲ့အတွက် အစီအစဥ်ဆွဲနေတုန်း စောစောကလိုက်နေတဲ့ပစ္စည်းကရောက်လာလို့ ငွေချေလိုက်ရတယ်။ ပစ္စည်းအကြီး။ ဒေါ်လာတစ်သိန်းပေါ့။လက်ကျန်ငွေမရှိသလောက်ဖြစ်သွားတယ်။ အထူးတပ်ဖွဲ့အတွက် လိုအပ်တဲ့ လေးသိန်းခွဲက လေးသိန်းခွဲလုံး ပြန်ရှာရမယ့်သဘောဖြစ်သွားတယ်။ အခု ဝင်လာတာက နှစ်သိန်းဝန်းကျင်။ ဒါကြောင့် နှစ်သိန်းခွဲလောက်လိုအပ်နေသေးတယ်။ အခြေအနေက အဲ့လို ဖြစ်နေတယ်” ဟု ဗိုလ်နဂါးက အသေးစိတ်ရှင်းပြသည်။
ယခုဖွဲ့စည်းမည့် အထူး တပ်ဖွဲ့သည် စစ်ကောင်စီကို ထိထိရောက်ရောက်ချေမှုန်းရန် ရည်ရွည်သည်ဟုဆက်ပြောသည်။
“သေချာတာကတော့ ဒီအဖွဲ့ဟာ အချိန်ပြည့် ရောက်နိုင်သမျှနေရာတွေမှာ ရန်သူကို အပြင်းထန်တိုက်ခိုက်ချေမှုန်းဖို့ ရည်ရွယ်ထားတာပါ” ဟု ဗိုလ်နဂါးကဆိုသည်။
အထူးတပ်ဖွဲ့အတွက် စစ်လက်နက်ပစ္စည်းများဝယ်ယူရာတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD)က ကြားခံဝယ်ယူပေးမည်ဖြစ်ပြီး သယ်ယူမည့်လမ်းကြောင်းအတွက်လည်း MODနှင့် EAOများ(တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့)က ပူးပေါင်းပါဝင်ကူညီပေးရန် ညှိနှိုင်းထားသည်ဟု မြန်မာ့တော်ဝင်နဂါးတပ်တော်ခေါင်းဆောင်ကပြောသည်။
အထူးတပ်ဖွဲ့ဖွဲ့စည်းရန်အတွက် လိုအပ်သော ငွေကြေးကို လှူဒါန်းပေးကြပါရန် ဗိုလ်နဂါးက မေတ္တာရပ်ခံပြီး အောက်ပါ link များသို့ ဆက်သွယ်၍ လှူဒါန်းနိူင်ကြောင်း အသိပေးထားသည်။
ပုလဲ PDF
https://www.facebook.com/Pale-Peoples-Defence-Force-PPDF-1…/
NUG ဒုဝန်ကြီးအိသဥ္ဇာမောင်
https://m.facebook.com/etzm.dpns/
MFDMC (ကိုရီးယား)
https://m.facebook.com/MFDMCkorea/
https://www.facebook.com/welovemm2022/
(ကိုရီးယား၊ ထိုင်း၊ မလေးရှား)
Kyle6moe@yahoo.com or chohernandez@yahoo.com
(USA)
https://web.facebook.com/gfgmyanmar
Global Fundraisers Group
m.me/soldiercatmm
(USA, UK , ထိုင်း , စင်ကာပူ, ကိုရီးယား , ဂျပန်)
မအိုင်ရင်း
(စင်ကာပူ)
